Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်အနောက်တွင်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ပြီးခဲ့သည့်ရက် ပိုင်းက တန့်ဆည်နယ် ကန်ပေါက်၊ ကိုးပေါက်နှင့် ရွာသစ်ကျေးရွာများမှ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

(တန့်ဆည်မှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TSO)
(တန့်ဆည်မှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TSO)

●စစ်ကောင်စီတပ်သား ၁၃ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ

တန့်ဆည်မြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရသွားကြောင်း တန့်ဆည်ထောက်ပို့တပ် TSO က ယနေ့(သြဂုတ် ၁၉)တွင်ထုတ် ပြန်သည်။

ယနေ့နံနက်ပိုင်းက တန့်ဆည်အနောက်ဘက် ဝါးရငယ်ကျေးရွာအနီး စစ်ကြောင်းထိုးလာစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို ယနေ့ညနေ ၃ နာရီခန့်တွင် တန့်ဆည်သို့ ပြန်သယ်သွားကြောင်း ဖော်ပြသည်။

“ယနေ့နေ့ခင်းပိုင်း မြို့ထဲဝင်လာပြီး တန့်ဆည် စာသင် ကျောင်းအနီးမှ ဆယ်သိန်းတန်ခန်းမတွင် ညအိပ်တပ်စွဲထားရန် ပြင်ဆင်နေကြောင်းသိရ”ဟု TSO ကအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

ဝါးရငယ်အနီးတိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင် စီတပ်ရုပ်အလောင်းများကို တန့်ဆည်မြို့ပေါ်မှတဆင့် ယနေ့ညနေ ၄ နာရီခန့်တွင် ရဟတ်ယာဥ်တစ်စင်းဖြင့်လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သြဂုတ် ၁၅၊ ၁၆ နှင့် ၁၇ ရက်နေ့များတွင်လည်း တန့်ဆည်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်းသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ပြီးခဲ့သည့်ရက် ပိုင်းက တန့်ဆည်နယ် ကန်ပေါက်၊ ကိုးပေါက်နှင့် ရွာသစ်ကျေးရွာများမှ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။