Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်အနောက်တွင်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ပြီးခဲ့သည့်ရက် ပိုင်းက တန့်ဆည်နယ် ကန်ပေါက်၊ ကိုးပေါက်နှင့် ရွာသစ်ကျေးရွာများမှ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

(တန့်ဆည်မှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TSO)
(တန့်ဆည်မှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TSO)

●စစ်ကောင်စီတပ်သား ၁၃ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ

တန့်ဆည်မြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရသွားကြောင်း တန့်ဆည်ထောက်ပို့တပ် TSO က ယနေ့(သြဂုတ် ၁၉)တွင်ထုတ် ပြန်သည်။

ယနေ့နံနက်ပိုင်းက တန့်ဆည်အနောက်ဘက် ဝါးရငယ်ကျေးရွာအနီး စစ်ကြောင်းထိုးလာစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို ယနေ့ညနေ ၃ နာရီခန့်တွင် တန့်ဆည်သို့ ပြန်သယ်သွားကြောင်း ဖော်ပြသည်။

“ယနေ့နေ့ခင်းပိုင်း မြို့ထဲဝင်လာပြီး တန့်ဆည် စာသင် ကျောင်းအနီးမှ ဆယ်သိန်းတန်ခန်းမတွင် ညအိပ်တပ်စွဲထားရန် ပြင်ဆင်နေကြောင်းသိရ”ဟု TSO ကအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

ဝါးရငယ်အနီးတိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင် စီတပ်ရုပ်အလောင်းများကို တန့်ဆည်မြို့ပေါ်မှတဆင့် ယနေ့ညနေ ၄ နာရီခန့်တွင် ရဟတ်ယာဥ်တစ်စင်းဖြင့်လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သြဂုတ် ၁၅၊ ၁၆ နှင့် ၁၇ ရက်နေ့များတွင်လည်း တန့်ဆည်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်းသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ပြီးခဲ့သည့်ရက် ပိုင်းက တန့်ဆည်နယ် ကန်ပေါက်၊ ကိုးပေါက်နှင့် ရွာသစ်ကျေးရွာများမှ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook