Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်အခြေစိုက် PDFစခန်းမီးရှို့ဖျက်ဆီးခံရ၍ ကျပ်သိန်း ၅၀၀ခန့်ဆုံးရှုံး

သြဂုတ် ၁၃ ရက်က စစ်ကောင်စီတပ်သည် Pauk Regional Defense Force ၏ စခန်းအား စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ရဲဘော်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်။

PRDFစခန်း ဖျက်ဆီးမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်တ်ပုံ-PRDF
PRDFစခန်း ဖျက်ဆီးမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်တ်ပုံ-PRDF

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Pauk Regional Defense Force ၏ စခန်းအား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ဖျက်ဆီးသွား၍ ကျပ်သိန်း ၅၀၀ခန့်ဆုံးရှုံးခဲ့ကြောင်း PRDFက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက်က စစ်ကောင်စီတပ်သည် Pauk Regional Defense Force ၏ စခန်းအား စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ရဲဘော်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်။

တိုက်ရိုက်ထိတွေ့တိုက်ပွဲတွင် စခန်းကိုမကာကွယ်နိုင်ဘဲ လူလွတ်ရန် ဆုတ်ခွာတိမ်းရှောင်ခဲ့ကြောင်း PRDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PRDFသို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စခန်းဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၅၀၀ခန့် ဆုံးရှုံးသွားသည်ဟု PRDFက ခန့်မှန်းထားသည်။ ၎င်းတို့ထုတ်ပြန်သည့် မှတ်တမ်းဓါတ်ပုံများတွင် ကားတစ်စီးနှင့် ဆိုင်ကယ်အများအပြားကိုပါ မီးရှိူ့ဖျက်ဆီးခံထားရသည်ကို တွေ့မြင်ရသည်။

Public Service Announcement

Public Service Announcement

“ပျက်စီးဆုံးရှုံးသွားသည်မှာ စခန်းတစ်ခုဆိုတာထက်ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်အနာဂတ်များရှင်သန်ရာ​ဖြစ်သည်။ ကျွန်တော်တို့ RDF တပ်ဖွဲ့ ပြန်လည်ထူထောင်နိုင်ရန် ၊ ဆုံးရှုံးမူများထက် ပြည်သူ့ရည်မှန်းချက် fedral democracy ပန်းတိုင် အရောက်လှမ်းနိုင်ဖို့ ကူညီထောက်ပံ့မူများလိုအပ်နေပါသဖြင့် Page cb ကိုလာရောက်ဆက်သွယ် လှူဒါန်းပေးကြပါရန် တစ်ဖွဲ့သားလုံးကိုယ်စား ပြည်သူအားလုံးကို လေးစားစွာဖြင့် ပြည်သူ့မေတ္တာများ တောင်းခံအပ်ပါသည်။”ဟု PRDFက ဆိုသည်။

PRDFစခန်း ဖျက်ဆီးမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်တ်ပုံ-PRDF
PRDFစခန်း ဖျက်ဆီးမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်တ်ပုံ-PRDF

အကြမ်းဖက်စစ်ကောင်စီတပ်သည် သြဂုတ် ၁၇ ရက်က ပေါက်မြို့နယ်အတွင်းရှိ အထက်ချိုင်ဇောက်ကျေးရွာနှင့် အောက်ချိုင်ဇောက်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ်၇၀နီးပါးနှင့် စာသင်ကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စိတပ်သည် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်များကို သြဂုတ်လဆန်းပိုင်းတွင် တကျော့ပြန်စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသတွင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ