Connect with us

Hi, what are you looking for?

သတင်း

အင်မထီးရွာရှိ စစ်အုပ်စုပူးပေါင်းစခန်းကို ရှော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)မှ ရဲဘော်များအားလုံး ထိခိုက်ဒဏ်ရာ မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း လည်း ဖော်ပြသည်။

(ဗိုလ်နဂါးနှင့် MRDA တပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(ဗိုလ်နဂါးနှင့် MRDA တပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

စစ်အုပ်စုမှ အနည်းဆုံးငါးဦးထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါး တပ်တော်ပြော

ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစခန်းကို ရှော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အနည်းဆုံးငါးဦးထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ယနေ့(သြဂုတ် ၁၇ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၁၆ ရက်) ည ၆ နာရီ ခွဲခန့် ၃၀ မှ ၇နာရီခန့်အထိ စစ်ကောင်စီပူးပေါင်းစခန်းကို ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းဖြစ်သော မြန်မာ့တော်ဝင်နဂါး တပ်တော်(M.R.D.A)တပ်ရင်း(၄ ) မှ ရှော့ကတ် ၃၅လုံး ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နောက်ဆက်တွဲအဖြစ် ပျူစောထီးစခန်းမှ အနည်းဆုံး ငါးဦး အင်အားလျော့သွား ကြောင်း MRDA က အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)မှ ရဲဘော်များအားလုံး ထိခိုက်ဒဏ်ရာ မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း လည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)သည် MOD (NUG) လက်အောက်ခံ တပ်ရင်း(၄)ရင်းရှိပြီး ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)၊ အမှတ် (၆)တို့ ဖြစ်သည်။

ထို့အပြင် ဗိုလ်နဂါးဦးဆောင်သည့် မြန်မာတော်ဝင်နဂါးတပ်တော် (M.R.D.A)၏ တပ်ရင်းအား လုံးသည် ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ လမ်းညွှန်ချက်များနှင့်အတူ လုပ်ဆောင်လျက်ရှိ ကြောင်းလည်း အသိပေးသည်။

သြဂုတ် ၁၃ရက်ကလည်း ပုလဲအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များစုပေါင်း၍ ပုလဲမြို့ပေါ်ထိ ဝင်စီးကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထား သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားသုံးဦး အင်အားလျှော့ချနိုင်ခဲ့ပြီး နှစ်ဦးထိခိုက် ဒဏ်ရာရကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook