Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်၌ စစ်ရေးတင်းမာနေ၊ ဒေသခံများ လုံခြုံရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး

“ဒီရက်ထဲ သူတို့ သင်တန်းဆင်းပေးလိုက်တဲ့ ပျူတွေ မိုင်းမိပြီးသေတာများတော့ အညိုတကြီးလာတိုက်နေတာ။ ဖောင်းပြင်ကို အရှေ့ရောအနောက်ရော ညှပ်တိုက်နေတယ်”ဟု ပြောသည်။

ဖောင်းပြင်မြို့နယ်
ဖောင်းပြင်မြို့နယ်

သင်တန်းဆင်းပျုစောထီးအများအပြား မိုင်းထိသေဆုံးပြီးနောက် စစ်ကောင်စီက ဖောင်းပြင်မြို့ကို ပိတ်ဆို့တိုက်ခိုက်နေ၍ ဒေသခံများ လုံခြုံရေးသတိရှိကြရန် ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဖောင်းပြင်မြို့နယ်၊သငါကျေးရွာကို ယမန်နေ့(သြဂုတ်လ ၂၂ရက်) ညနေမှစ၍ လက်နက်ကြီးဖြင့် ပစ်ကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီရက်ထဲ သူတို့ သင်တန်းဆင်းပေးလိုက်တဲ့ ပျူတွေ မိုင်းမိပြီးသေတာများတော့ အညိုတကြီးလာတိုက်နေတာ။ ဖောင်းပြင်ကို အရှေ့ရောအနောက်ရော ညှပ်တိုက်နေတယ်”ဟု ပြောသည်။

သြဂုတ် ၁၉ရက်က ဖောင်းပြင်မြို့ သညစ်ကျေးရွာအုပ်စုအတွင်း ပျူများတပ်စွဲထားစဥ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီသင်တန်းဆင်း ပျူ ၂၀ကျော် သေဆုံးခဲ့သည်။ ထိုအတွက်ကြောင့် စစ်ကောင်စီက ဖောင်းပြင်နယ်ကို အင်အားတိုးချပြီး အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“သူလျှိုဒလန်လုပ်သူတို့က သငါကျေးရွာ အုပ်စု ပကဖအဖွဲ့ဝင်နှင့် PDF များ၏ နေအိမ်များကိုမီးရှို့ရန်ကိုယ်တိုင်ကိုယ်ကျလိုက်လံပြသနေသည်”ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

လက်ရှိအခြေအနေတွင် စစ်ရေးတင်းမာနေ၍ ဒေသခံများ လုံခြုံရေးသတိရှိကြရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook