Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး အာဆီယံ၏ဖြေရှင်းဆောင်ရွက်ပုံကို အားရကျေနပ်ခြင်းမရှိဟု မလေးရှားပြော

ပကတိမြန်မာ့အခြေအနေသည် တိုက်ပွဲများ၊ ပြည်သူများအသတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ရခြင်း စသည်ဖြင့် အလွန်ဆိုးရွားနေကြောင်း Saifuddin Abdullah က ရေးသားသည်။

(မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး ဆိုင်ဖူဒန်အဒူလာ။ ဓါတ်ပုံ-IRM)
(မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး ဆိုင်ဖူဒန်အဒူလာ။ ဓါတ်ပုံ-IRM)

မြန်မာ့အရေးအပေါ် အာဆီယံ၏ဖြေရှင်းဆောင်ရွက်ပုံကို အားရကျေနပ်ခြင်းမရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောသည်။

အာဆီယံသည် အစည်းအဝေးများမှတဆင့် မြန်မာနိုင်ငံ၏ ပကတိဖြစ်ပွားနေသည့်အခြေအနေကို ဆက်လက်ဖြေရှင်းနိုင်မည်မဟုတ်ဘဲ အစည်းအဝေးများတွင် ပြည်သူများအသတ်ခံရခြင်း စသည့် အခြေအနေများကို အရေးပေါ်ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ဝန်ကြီး Saifuddin Abdullah က ၎င်း၏လူမှုကွန်ရက်၌ ရေးသားသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအတွင်းရေးမှူးချုပ်ထံ စာရေးသားနေပြီး ယင်းစာထဲတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ခိုင်မာယုံကြည်သည့်ရင်းမြစ်များမှတဆင့် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများကို ပုံမှန်အစီရင်ခံရန်၊ လူသားချင်းစာနာမှုအကူအညီဖြန့်ဖြူးရေးတွင် ပိုမို ကောင်းမွန်သည့်နည်းလမ်းကို စဉ်းစားသုံးသပ်ရန် အချက်များကို ထည့်သွင်းထားကြောင်း ပြောသည်။

ပကတိမြန်မာ့အခြေအနေသည် တိုက်ပွဲများ၊ ပြည်သူများအသတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ရခြင်း စသည်ဖြင့် အလွန်ဆိုးရွားနေကြောင်း Saifuddin Abdullah က ရေးသားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာသေးမီက ကုလသမဂ္ဂအထူးကိုယ်စားလှယ် နှင့်တွေ့ဆုံမှုတွင် နိုင်ငံသည် တည်ငြိမ်မှုရှိနေကြောင်း လိမ်လည်ပြောဆိုခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ဖွဲ့စည်းထားသော လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းအဖွဲ့ သည် စီစဉ်ထားသကဲ့သို့ တိုးတက်မှုမရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော် စစ်ကောင်စီနှင့်ပတ်သက်ခြင်းမရှိသော ဒေသအခြေပြုအဖွဲ့အစည်းများအပါအဝင် အခြားအဖွဲ့များသည် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများကို ကောင်းမွန်စွာလုပ်ကိုင်နိုင်ကြောင်း Saifuddin Abdullah က ဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah သည် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့နှင့် တရားဝင်ထိ တွေ့ဆက်ဆံမှုများလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။