Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

“မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်မှုအပြီး အတွင်းက အော်ဟစ်သံတွေ ကြားရတယ်။ လက်ရှိအချိန်ထိ အထိအခိုက် အကျအဆုံး သတင်းများ အရ ၄ ယောက် သေတယ်လို့ သိရတယ် ” ဟု UMCD အဖွဲ့က ပြောသည်။

ဓာတ်ပုံ - မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ် (ပုံအဟောင်းအသုံးပြုထားသည်)
ဓာတ်ပုံ - မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ် (ပုံအဟောင်းအသုံးပြုထားသည်)

▪️စစ်ကောင်​စီတပ်သား လေးဦးသေဟုဆို

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယမန်နေ့ (သြဂုတ် ၂၆) ညပိုင်းက အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Union Myanmar Civil Defence – UMCD အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ ည ၉ နာရီ ၉ မိနစ်ခန့်အချိန်တွင် (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စစ်ကောင်စီဝင် ထောက်လှမ်းရေးများဟု ယူဆရသည့် အရပ်ဝတ် များ ရှိနေချိန်တွင် UMCD နှင့်မဟာမိတ်ဖြစ်သော Rawt Malan HpyenLa – RMH ( တော်လှန်ရေးရဲဘော်)တို့ ပူးပေါင်းပြီး အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

“မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်မှုအပြီး အတွင်းက အော်ဟစ်သံတွေ ကြားရတယ်။ လက်ရှိအချိန်ထိ အထိအခိုက် အကျအဆုံး သတင်းများ အရ ၄ ယောက် သေတယ်လို့ သိရတယ် ” ဟု UMCD အဖွဲ့က ပြောသည်။

အဆိုပါ ဖောက်ခွဲမှု ပြုလုပ်ပြီးနောက် တော်လှန် ရေးအဖွဲ့သားများ အားလုံး ဘေးကင်းရာအရပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီဝင်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များရှိရာ နေရာများသို့ ရှောင်ရှားသွားစေရန် UMCD က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရုံးအတွင်း လူနာတင်ယာဉ်များ သွားလာနေပြီး မြောက်ဥက္ကလာ ဝေဘာဂီလမ်းမကြီးအား ‌ခြောက်ကွေ့ ဂက်စ်ဆိုင်အနီးမှ (ဌ)ရပ်ကွက်ရုံး အကျော်အထိ စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

” (ဌ) ရပ်ကွက်ရုံးနားမှာ ညက ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ လေးယောက်သေတယ် လို့တော့ ပြောနေကြတယ်။ စစ်ကားတွေ အများကြီး လမ်းတွေပိတ်ပြီး စစ်နေတော့ သွားမကြည့်ရဲကြဘူး။ လူနာတင်ကားတွေတော့ သွားနေတာ တွေ့လိုက်တယ်။ သေ၊ မသေတော့ သေချာမသိပါဘူး။ ညကတော့ ဘုမ္မာ ၁၁ လမ်းမှာ ဧည့်စာရင်းဆိုပြီး စစ်သားတွေ ဝင်မွှေနေတယ်လို့ ကြားပါတယ် ” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အခြားသော အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေများအား သတိအမျိုးမျိုး ပေးထားသည့်ကြားမှ ဆက်လက်ရမ်းကားနေပါက ပြည်သူ့ဘက် တော်သားများ အနေဖြင့် လိုအပ်သည်များကို တုန့်ဆိုင်းမှုမရှိဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း UMCD က သတိပေး ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။