Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်ချမ်းသာရွာအနီးတိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းရရှိမှု ဓာတ်ပုံများကို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ထုတ်ပြန်

ဩဂုတ် ၂၃ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့၍ လေကြောင်း ပစ်ကူများအသုံးပြု တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကောင်စီတပ် အထိနာခဲ့သည့် ကန့်ဘလူ-ကျွန်းလှ-ကောလင်း သုံးမြို့နယ်အစပ်ရှိ အောင်ချမ်းသာရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည့် မြင်ကွင်းဓာတ်ပုံများကို ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ထုတ်ပြန်သည်။

ဩဂုတ် ၂၃ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့၍ လေကြောင်း ပစ်ကူများအသုံးပြု တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

သို့ရာတွင် စစ်ကောင်စီတပ်က အများအပြား သေဆုံးခဲ့ပြီး အရာရှိ သုံးဦးကို အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၂၀ကျော်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက သိမ်းဆည်းရရှိခဲ့သည်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြသည့် ဓာတ်ပုံမှတ်တမ်းများ၌ ရေမြောင်းအတွင်း အတုံးအရုံးသေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများ၊ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များ၊ ခဲယမ်းနှင့် ကျည်များ စသည့် တို့ကို တွေ့မြင်ရသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

ဩဂုတ် ၂၃ရက် တိုက်ပွဲ၌ သေဆုံးထိခိုက်များသည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် ကျွန်းလှမြို့နယ်သို့ စစ်အင်အား အများအပြား ပို့ဆောင်ခြင်း၊ ကျေးရွာများကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။