မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများ တူးထားကြရန် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ယနေ့ တိုက်တွန်းချက်ထုတ်ပြန်သည်။
မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်များ အနီးကပ်ပျံသန်းနေလျက်ရှိ၍ ပြည်သူများနှင့် တပ်ရင်းတပ်ဖွဲ့များအားလုံး ဂရုစိုက်ကြရန် အသိပေးထားသည်။




လူစုလူဝေး ပြုလုပ်မှုများ ရှောင်ရှားကြရန်နှင့်အရေးကြုံလျင် ချက်ခြင်း ပုန်းခိုနိုင်ရန်အတွက် ပတ်ဝန်းကျင် များတွင် ဗုံးခိုကျင်းများ တူးထားပေးကြရန် မင်းတပ် CDFက တိုက်တွန်းခဲ့သည်။

လက်တလောတွင် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း စစ်ကောင်စီတပ်များက မြို့ပေါ်တွင် အိမ်ထောင်စုစာရင်းများ လိုက်လံစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်၍ CDF ရဲဘော်အချို့နှင့် ပြည်သူလူထုများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။


















































