Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က ကျွန်းလှနယ်ရှိ ရွာ(၉)ရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၀၀ကျော်ပျက်စီးခဲ့

ယင်းရွာ (၉)ရွာအနက် အိမ်ခြေ ကျေးရွာ၌ နေအိမ်၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ရသည်။

(ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

တည်ပင်ဆိပ်ရွာမှ အရပ်သား ပြည်သူ (၈)ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပြီး ပြည်သူလူထု နေအိမ်များကို မီးရှို့ခဲ့ရာ ၁၀ရက်ကျော်အတွင်း အိမ်ခြေ ၄၀၅ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂၄ရက်တွင် ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ပြီး စစ်အင်အားများ ဖြည့်တင်း၍ ကျေးရွာများသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တည်ပင်ဆိပ်၊ အိမ်ခြေ၊ အင်းလျားရှည်၊ ရွာကုန်းကြီး၊ ကုန်းစည်း၊ ပေပင်ချောင်၊ သစ်ချို၊ မော်ကယ်နှင့် မော်တုန်စသည့် ရွာပေါင်း ကိုးရွာမှ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

(ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

ယင်းရွာ (၉)ရွာအနက် အိမ်ခြေ ကျေးရွာ၌ နေအိမ်၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ရသည်။

ထို့ပြင် တည်ပင်ဆိပ်ရွာ၌ စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ (၈)ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ကျွန်းလှဒေသခံ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရပြီး ကန့်ဘလူ၊ ကောလင်းမြို့နယ်များမှ ဒေသခံများလည်း စစ်ဘေးဒုက္ခ ကြုံနေကြရသည်။

(ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကောင်စီတပ်သည် အဆိုပါ ကျွန်းလှ- ကောလင်း – ကန့်ဘလူနယ်စပ်၌ ဩဂုတ် ၂၃ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် အထိနာခဲ့သောကြောင့် စစ်အင်အားများ ဖြည့်တင်းခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်း ပိုမိုပြုလုပ်ပြီး ဒေသတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဩဂုတ် ၂၃ရက်က ကောလင်းမြို့နယ် အောင်ချမ်းသာရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးခဲ့ပြီးအရာရှိများ အဖမ်းခံရကာ လက်နက်ခဲယမ်းများစွာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။