Connect with us

Hi, what are you looking for?

သတင်း

PDFအယောင်ဆောင်ကာကင်းလှည့်နေသော စစ်ဗိုလ်နှင့်တပ်သားတစ်ဦး PDFအစစ်နှင့်တိုးပြီးပစ်ခတ်ရှင်းလင်းခံရ

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စနိုက်ဘာ၊ လက်နက်ငယ် ၊ ၄၀မမ တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၂ဦး စနိုက်ဘာထိမှန်ကာ သေဆုံးသွားခဲ့ကြောင်းScorpions People Defense Forceက ပြောသည်။

Scorpions People Defense Force
Scorpions People Defense Force

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် PDFအယောင်ဆောင်ကာ ကင်းလှည့်လာသော စစ်ကောင်စီအရာရှိဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး PDFအစစ်နှင့်တည့်တည့်တိုးပြီးပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း တိုက်ခိုက်ခဲ့​သောအဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းတွင်​လေယာဥ်ဖြင့်အင်အားတိုးလာချသွားခဲ့သော စစ်ကောင်စီတပ်များထဲကအရာရှိဗိုလ် ၁ဦး၊တပ်သား၁ဦး ပေါင်း၂ဦးသည် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁နာရီဝန်းကျင်ခန့်က ကျောက်ရစ်စခန်းမှ PDF ဟန်ဆောင်ကာအရပ်ဝတ်ဖြင့် ကင်းလှည့်ထွက်လာခဲ့သည်။

ထိုသို့ထွက်လာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များမှ စစ်ဆေးမှုပြုလုပ်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ အရာရှိဗိုလ်တစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ ထွက်​ပြေး လွတ်မြောက်သွားသော်လည်း စခန်းသို့ရောက်ချိန်သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း Scorpions People Defense Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒဏ်ရာရပြီးထွက်​ပြေး​သောစစ်​ကောင်စီတပ်သားက​သေနတ်များကိုပါ​ကောက်ယူ​ပြေးသဖြင့်လက်နက်မရလိုက်ဘဲ ၊အခင်းဖြစ်ရာ​နေရာမှာ စစ်​ကောင်စီတပ်စခန်းနှင့်နီးသည့်အတွက်​နောက်မှလိုက်​သော PDFများမှာစခန်းနားအထိ့မသွားဘဲပြန်ဆုတ်ခဲ့​ကြောင်း အဖွဲ့မှတာဝန်ရှိသူတစ်ဦးက​​ပြောသည်။

Public Service Announcement

Public Service Announcement

“ပြေးသွားတဲ့ မအလစစ်​​ေ-ွး နောက်လဲ လိုက်သေးတယ် သေနတ်ကို တစ်နေရာရာ ဖွက်ခဲ့တယ်ကြားလို့ လိုက်ရှာတယ်မတွေ့လိုက်ဘူးဗျ”ဟု၎င်က​ပြောသည်။

Scorpions People Defense Forceအဖွဲ့ တာဝန်ရှိသူက “သေနတ်မရလိုက်တာ တစ်ခု အောင့်သက်သက်ဖြစ်နေတာဗျ။ လက်ရှိတော့ စခ တွေ ပြန်ငြိမ်နေတယ်ဗျ။”ဟုဆက် ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်PDFများထိခိုက်မှုမရှိဘဲ တိုက်ခိုက်ပြီး​နောက်မကြာခင်ပြန်ဆုတ်ခဲ့သဖြင့် သေဆုံးစစ်​ကောင်စီတပ်မှ ဗိုလ်၏အချက်အလက်အ​သေးစိပ်ကိုမသိရဟုအထက်ပါတာဝန်ရှိသူက​ပြောသည်။

စက်တင်ဘာလ ၆ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ရှိကျေးရွာများတွင်ရက်ရှည်ကြာ လှည့်ပတ်စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား သနပ်ကုန်းကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း Scorpions People Defense Forceက အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စနိုက်ဘာ၊ လက်နက်ငယ် ၊ ၄၀မမ တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၂ဦး စနိုက်ဘာထိမှန်ကာ သေဆုံးသွားခဲ့ကြောင်းScorpions People Defense Forceက ပြောသည်။

ထိုစစ်ဆင်ရေးများတွင် စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄(MSPDF)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁(27 Revolution Force,Burmese Guerrilla Force၊11Brother Force(မြောင်)၊မြင်းခြံခရိုင်တပ်ရင်း၊အမှတ်(၃)-တပ်ခွဲ၁(မြေလတ်-PDF)၊ တပ်ခွဲ ၂ (TTA-ပြောက်ကျားတပ်၊TaungTha PDF)၊တပ်ခွဲ ၃(Seven People Defense Force၊Scorpions People Defense Force၊Myingyan Black Tiger၊ Natogyi Regional Defence Force၊ မြောင် ကျေးရွာတပ်ပေါင်းစု စသည့်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ