Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံ အမှတ်(၃)လမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာသည် ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့(၁၆)ဖွဲ့ထက်နည်းဖြင့် စုစည်းထားသည့် တပ်မဟာတစ်ခုဖြစ်သည်။

အမှတ် (၃)လမ်းဆုံမီးပွိုင့်အား တွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
အမှတ် (၃)လမ်းဆုံမီးပွိုင့်အား တွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၈ ရက်)ည ၈ နာရီ ၁၉ မိနစ်ခန့်က အမှတ် (၃)လမ်းဆုံမီးပွိုင့်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၏အဖွဲ့တစ်ဖွဲ့​ဖြစ်သည့် Human Rights Defenders (HRD)အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“အမှတ် (၃)လမ်းဆုံမီးပွိုင့်အနီးရှိ စစ်ကောင်စီတပ်၏ ဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ မိမိဖက်မှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူဖက်မှ ဆုံးမှုရှိနိုင်သည်”ဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိပ်အား လူထုနွေဦးက စုံစမ်းနေဆဲဖြစ်ပြီး အတိအကျ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာသည် ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့(၁၆)ဖွဲ့ထက်နည်းဖြင့် စုစည်းထားသည့် တပ်မဟာတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook