Connect with us

Hi, what are you looking for?

သတင်း

ပုလောနယ် တပိုရွာအနီး စစ်ကောင်စီတပ်ကင်းပုန်းနှင့် PDF ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

“(၁၀) မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်မှုအချို့ရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

(ပုလောပြည်သူကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်အချို့အားတွေ့ရစဥ်)
(ပုလောပြည်သူကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်အချို့အားတွေ့ရစဥ်)

မြိတ်ခရိုင် ပုလောမြို့နယ်တွင် လမ်း၌ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့(စက်တင်ဘာ ၉) ထုတ်ပြန်သည်။

ယမန်နေ့နံနက် ၁၀ နာရီခန့်က ပုလောမြို့နယ်၊ တပိုကျေးရွာအနီး လမ်းတွင်ကင်းယူနေသော စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင် ၊ တပ်ရင်း(၁)၊ တိုက်ခိုက်ရေးတပ်ခွဲ (၃)တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ ၁၀ မိနစ်ခန့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

“(၁၀) မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်မှုအချို့ရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ထားဝယ်မြို့မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရန် ကင်းထောက်သွားစဉ် တပိုကျေးရွာအနီး၌ လမ်းကင်းယူထားသော စစ်ကောင်စီတပ်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။