Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန် (၁၀)မိုင်ကုန်းရှိ စစ်ကောင်စီတပ် အရာရှိရိပ်သာအား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။

(ရန်ကုန် ၁၀ မိုင်ကုန်းဝန်းကျင်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရပုံ)
(ရန်ကုန် ၁၀ မိုင်ကုန်းဝန်းကျင်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရပုံ)

ရန်ကုန်မြို့ (၁၀)မိုင်ကုန်းရှိ စစ်ကောင်စီတပ် အရာရှိရိပ်သာအား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ War Of Hunter Revolution Force – WHO က ထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၈ ရက်နေ့)ည ၈ နာရီ ၃၄ ခန့်က အင်းစိန်မြို့နယ် ပြည်လမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ (၁၀)မိုင်ကုန်း စစ်ကောင်စီတပ်အရာရှိရိပ်သာကို အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။

“အထိအခိုက် ရှိမရှိမသိခဲ့ရပါဘူး။ စစ်​​လေကားတွေရောက်လာလို့ပါ”ဟု WHO ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ခိုက်မှုမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ WHO ၏ လေးခုမြောက် စစ်ဆင်ရေးဖြစ်ပြီး စက်တင်ဘာ ၃ ရက်ကလည်း အင်းစိန် ဗဟိုလမ်း၊ မီးရထားသံလမ်းဘေးရှိ CID ရဲရုံးကို အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က Human Right Defenders(HRD)အဖွဲ့နှင့်ပူးပေါင်းကာ ဒဂုံမြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံထွေအုပ်ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။