Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် (၁၀)မိုင်ကုန်းရှိ စစ်ကောင်စီတပ် အရာရှိရိပ်သာအား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။

(ရန်ကုန် ၁၀ မိုင်ကုန်းဝန်းကျင်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရပုံ)
(ရန်ကုန် ၁၀ မိုင်ကုန်းဝန်းကျင်အနီးတစ်ဝိုက်ကို Google Map တွင်​တွေ့ရပုံ)

ရန်ကုန်မြို့ (၁၀)မိုင်ကုန်းရှိ စစ်ကောင်စီတပ် အရာရှိရိပ်သာအား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ War Of Hunter Revolution Force – WHO က ထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၈ ရက်နေ့)ည ၈ နာရီ ၃၄ ခန့်က အင်းစိန်မြို့နယ် ပြည်လမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ (၁၀)မိုင်ကုန်း စစ်ကောင်စီတပ်အရာရှိရိပ်သာကို အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။

“အထိအခိုက် ရှိမရှိမသိခဲ့ရပါဘူး။ စစ်​​လေကားတွေရောက်လာလို့ပါ”ဟု WHO ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ခိုက်မှုမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ WHO ၏ လေးခုမြောက် စစ်ဆင်ရေးဖြစ်ပြီး စက်တင်ဘာ ၃ ရက်ကလည်း အင်းစိန် ဗဟိုလမ်း၊ မီးရထားသံလမ်းဘေးရှိ CID ရဲရုံးကို အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က Human Right Defenders(HRD)အဖွဲ့နှင့်ပူးပေါင်းကာ ဒဂုံမြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံထွေအုပ်ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။