စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးတွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းနှင့် ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၈ ရက် နံနက် ၁ဝ နာရီခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ် မုံရွေးတိုးဂိတ်မှ ချောင်းဦးမြို့ဘက်သို့ မိုင်းရှာထွက်လာသည့် စစ်ကောင် စီတပ်၏ သံပြားကာ ကားတစ်စီးနှင့် အင်အား ၇၀ခန့်ပါ ခြေလျင်စစ်ကြောင်းကို ချောင်းဦးမြို့အဝင် ၀.၅မိုင်အရောက် ကားပေါ်ပြန်တက်ချိန် ချောင်းဦး PDF တပ်ခွဲ (၄)က မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သံပြားကာကားကို အနီးရှိ ဓာတ်ဆီဆိုင်အနီးတွင်ရပ်နားပြီး သေဆုံးဒဏ်ရာရသူများကို ချောင်းဦးပြည်သူ့အားကစားကွင်းအတွင်းသို့ Canter ကားဖြင့် နှစ်ခေါက်တင်ဆောင်သွားခဲ့သည်ဟု ချောင်းဦး PDFက ဆိုသည်။
ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ် ထိခိုက်မှုအခြေအနေ အတိအကျမသိရသေးဟု ချောင်းဦး PDFက ပြောသည်။

Public Service Announcement

ထိုနေ့ ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းဘက်မှလာသော စစ်ကောင်စီ၏ ၂၁ စီးပါ ယာဥ်တန်းအား ချောင်းဦးမြို့တွင်း၌ ချောင်းဦး PDF တပ်ခွဲ (၃)က နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦး PDFက ထပ်မံသတင်းထုတ်ပြန်သည်။
အဆိုပါ ယာဥ်တန်းမှ ငါးစီးမြောက်နှင့် ခြောက်စီးမြောက်ယာဉ်ကို ခင်မွန်ကျေးရွာတွင် ချောင်းဦး PDF တပ်ခွဲ (၁)က ရှေ့ထွက် သုံးချောင်းဖြင့် ကားနောက်ခန်းထဲသို့ ပစ်သွင်းခဲ့ရာ သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများနိုင်ကြောင်း ချောင်းဦး PDFက အသိပေးသည်။
အထက်ပါ လှုပ်ရှားမှုများကို ချောင်းဦးမြို့နယ် (ပကဖ)၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး ချောင်းဦး PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ရထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စက်တင်ဘာ ၈ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားသော ထိုစစ်ကောင်စီယာဥ်တန်းကို လမ်းတစ်လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။


















































