Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် စစ်ကောင်စီတပ်က ရပ်ကျေးထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ပြု

ရေဦးနယ်သည် စစ်ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်မှု အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီ၏ မြို့ပြင်ဂိတ်နှင့် မြို့တွင်းတပ်စွဲရာနေရာများပါ မကြာခဏ တိုက်ခိုက်ခံနေရသည်။

​(ရေဦးမြို့ရှိ ကြားဖူးအဝိုင်းအား တွေ့ရစဥ်) ဓါတ်ပုံ-Cj
​(ရေဦးမြို့ရှိ ကြားဖူးအဝိုင်းအား တွေ့ရစဥ်) ဓါတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအား ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်ပါမှ မြို့အပြင်ထွက်ခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်ရှိ စစ်ကောင်စီတပ်သည် ခင်ဦး – ရွှေဘို – မန္တလေးမြို့ဘက်သို့ သွားရောက်ကြမည့် ကား၊ဆိုင်ကယ်၊ ခရီးသွားပြည်သူများအား မှတ်ပုံတင်ပါရုံဖြင့် ခရီးသွားလာခြင်းများ လုံးဝခွင့်မပြုကြောင်း၊ စစ်ကောင်စီက ခန့်ထားသည့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် လက်မှတ်ပါရှိမှသာ ခရီးသွားလာခွင့်ပြုကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ကြားဖူးအဝိုင်း၌ ခရီးသွားပြည်သူများအား မှတ်ပုံတင်နှင့် ရပ်ကျေးထောက်ခံစာပါ၊မပါ နေ့စဥ်စစ်​ဆေးနေပြီး မပါပါက ငွေညှစ်ခြင်း၊ ဖြတ်သန်းခွင့်မပြုခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံတို့က ပြောသည်။

“ငယ်တဲ့သူတွေဆိုရင် မှတ်ပုံတင်ထဲကမွေးသက္ကရာဇ်ကို ရက်လအတိအကျပြောနိုင်မှလွှတ်ပေးတာပါ။”ဟု ရေဦးဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ရေဦးမြို့ရှိ ကြာဖူးအဝိုင်းအပြင် မူးတံတားအရှေ့ဘက် ခင်ဦးနယ်အနောက်ခြမ်း အင်းပတ်ကွေ့(အင်းပတ်ရွာအနီး)ရထားသံလမ်းကူးတို့တွင် ဂိတ်ဖွင့်ထားပြီး ခရီးသွားပြည်သူများအား စစ်ဆေးအကြမ်းဖက်လေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် ယင်းဂိတ်များကို အထူးဂရုစိုက်၍ ဖြတ်သန်းသွားလာကြပါရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

ရေဦးနယ်သည် စစ်ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်မှု အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီ၏ မြို့ပြင်ဂိတ်နှင့် မြို့တွင်းတပ်စွဲရာနေရာများပါ မကြာခဏ တိုက်ခိုက်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်