Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်းကို တိုက်ခိုက်ရန် အမိန့်ပေးမှုမနာခံဘဲ ခမရ(၁၀၂)မှ ဒုတပ်ရင်းမှူးအပါအဝင်တပ်ဖွဲ့ တစ်ခုလုံး သပိတ်မှောက်ဆန္ဒပြ

ရှေ့တန်းစစ်မြေပြင်၌ စစ်ကောင်စီတပ်များ စိတ်ဓာတ်ပျက်ပြားနေပြီး ဗျူဟာမှူးကိုယ်တိုင်က ချော့မော့၍ မနည်းထိန်းသိမ်းနေရကြောင်း ခမရ(၈)တပ်ခွဲမှ CDM တပ်သားဇော်ထွဋ်က ပြောကြားသည်ဟု ဖော်ပြထားသည်။

(CDM တပ်သား နှစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - နွေဦးအသံ)
(CDM တပ်သား နှစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - နွေဦးအသံ)

“အကုန်လုံး သေနတ်တွေ လွှင့်ပစ်၊ ကျည်ကာအင်္ကျီတွေလွှင့်ပစ်နဲ့ ဆန္ဒပြကြတာ”

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေက ပူးပေါင်းစစ်ကြောင်း တစ်ခုဖြစ်သည့် ကော်ဘရာစစ်ကြောင်း တပ်စွဲရာနေရာကို ထိုးစစ်ဆင်ရန် အမိန့်ပေးမှုအား မလိုက်နာဘဲ ခမရ (၁၀၂)မှ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့တစ်ခုလုံးက ရှေ့တန်းစစ်မြေပြင်၌ သပိတ်မှောက် ဆန္ဒပြခဲ့ကြကြောင်း CDM စစ်သား၏ ပြောကြားချက်ကို နွေဦးအသံက ဖော်ပြသည်။

ပြီးခဲ့သည့်လပိုင်းက မြ၀တီ-ဝေါလေ လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ် ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံ မုတ္တမမြို့ အခြေစိုက် ခမရ(၁၀၂)မှာ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့တခုလုံးက လက်နက်ချပြီး သပိတ်မှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“အကုန်လုံး သေနတ်တွေ လွှင့်ပစ်၊ ကျည်ကာအင်္ကျီတွေလွှင့်ပစ်နဲ့ ဆန္ဒ ပြကြတာ”ဟု စက်တင်ဘာ ၉ ရက်က CDM ပြုလုပ်လာသည့် ခလရ(၈) တပ်ခွဲမှ တပ်သား စိုးအောင်က ပြောပြကြောင်း နွေဦးအသံက ဖော်ပြသည်။

ကော်ဘရာစစ်ကြောင်းထိန်းချုပ်ထားသည့် သရက်တပင်ကုန်းကို အတင်းဖိအားပေးတိုက်ခိုက်သိမ်းပိုက်ခိုင်းရာ ဒုတပ်ရင်းမှူးအပါအဝင် ခမရ(၁၀၂)တဖွဲ့လုံး သေနတ်များလွှင့်ပစ်ပြီး သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“(၁၀၂)က လက်နက်ချပြီး တဖွဲ့လုံးပြန်ဖို့လုပ်တာ၊ သေနတ်တွေ ဗျူဟာမှူးကို အကုန်အပ်ပြီး ပြန်ဖို့လုပ်တာ၊ နောက်တော့မှ ဗျူဟာမှူးက တောင်းတောင်းပန်ပန်နဲ့ မပြန်ဖို့ပြောပြီး သူ့အနား ဆွဲကပ်ထားတာပေါ့ဗျာ။ သရက်တပင်ကုန်းကို တက် တိုက်မယ်ဆိုတော့ (၁၀၂)ကလည်း မတက်ရဲဘူး၊ ကျွန်တော်တို့ လ(၈)ကလည်း မတက်ဘူး၊ အဲဒီမှာ အနောက်ကနေအတင်းဖိအားတွေပေးတော့ မလုပ်ဘဲနဲ့ ဒုတပ်ရင်းမှူး ကိုယ်တိုင်က လက်နက်ချပြီး ပြန်မယ်လုပ်တာ” CDM စစ်သားက ပြောသည်။

ရှေ့တန်းစစ်မြေပြင်၌ စစ်ကောင်စီတပ်များ စိတ်ဓာတ်ပျက်ပြားနေပြီး ဗျူဟာမှူးကိုယ်တိုင်က ချော့မော့၍ မနည်းထိန်းသိမ်းနေရကြောင်း ခမရ(၈)တပ်ခွဲမှ CDM တပ်သားဇော်ထွဋ်က ပြောကြားသည်ဟု ဖော်ပြထားသည်။

“ဘာလို့ တက်မတိုက်ရဲလဲဆိုတော့ အဓိကသေမှာ ကြောက်လို့ပေါ့ဗျာ၊ ဒီလိုပဲ ပြောရမှာပဲ။ PDF တွေကို နိုင်မယ်လို့တော့ မထင်ဘူး၊ စစ်တပ်က နိုင်မယ်လို့ မထင်ဘူး၊ မထင်ဘူးဆိုတာ နောက်က ထောက်ပံ့မှုအားနည်းတယ်။ ရိက္ခာဆိုတာလည်း ထောက်ပံ့မှု မရှိဘူး ၊ ခဲယမ်းကတော့ ထောက်ပံ့တယ် မချိမဆံ့ပေးပြီး ထမ်းခိုင်းတယ် ပိုးခိုင်းတယ်။စစ်တိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်တာ၊ ထောက်ပံ့မှုအားကောင်းမှ စစ်က နိုင်မှာ၊ လက်နက်နဲ့ ခဲယမ်းပဲပေးတော့ စစ်သားက ဘာသွားစားမလဲ၊ မျှစ်ပြုတ်စားလိုက်၊ ခေါက်ဆွဲထုပ်လေးကို နှစ်ယောက်ဝေခြမ်းစားလိုက်နဲ့” ဟု CDM စစ်သားက ရှေ့တန်းရောက်စစ်သည်များ၏ အခြေအနေကို ပြောပြသည်။

CDM ပြုလုပ်သူ၊ တပ်ကိုစွန့်ခွာ၍ ထွက်ပြေးသူ များပြားမှုကြောင့် ခမရ(၁၀၂)က တပ်ဖွဲ့စည်းပုံပျက်သွားခဲ့ပြီး အထက်မှ အတင်းဖိအားပေးပါကလည်း အမိန့်နာခံမှုကို ငြင်းဆန်ပြီး သပိတ်မှောက် ကြသည်အထိ စိတ်ဓာတ်ပျက်ပြားမှု ဖြစ်ပွားနေသည်ဟု CDM တပ်သား နှစ်ဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

ယခင်ကလည်း မြ၀တီ -ဝေါ်လေလမ်း ရှေ့တန်းစစ်မြေပြင်မှ CDM ပြုလုပ်ခဲ့သည့် စစ်သားအချို့ကလည်း ၎င်းတို့ တပ်များ စစ်မြေပြင်၌ ထိခိုက် ကျဆုံးမှု များပြားနေကြောင်း၊ အထက်အရာရှိများက အောက်ခြေစစ်သည်များကို ငဲ့ညှာခြင်းမရှိဘဲ အသက်စတေးခိုင်းနေပြီး အစားအစာရိက္ခာပိုင်းကို ဖြည့်ဆည်းပေးမှု အားနည်းကြောင်း ပြောဆိုခဲ့ကြသည်။ ရှေ့တန်းရောက်စစ်သည်အများစုသည် စစ်တိုက်လိုစိတ်မရှိကြဟုလည်း ပြောဆိုခဲ့သည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်ကလည်း ၎င်းတို့ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များပြားနေမှုကို ဝန်ခံထားပြီး ထိုသို့ အထိနာနေရခြင်းမှာ အောက်ခြေပိုင်းမှ အားနည်းမှုကြောင့်ဟု အပြစ်တင်ပြောဆိုထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲ၌ ဦးဆောင်မှု ပိုင်းအားနည်းခြင်း၊ တိုက်ခိုက်လိုစိတ်မရှိခြင်း၊ သတ္တိမရှိ ကြောက်ရွံ့ခြင်း၊ လက်နက်ခဲယမ်း အလွဲသုံးစားခြင်း၊ သောက်စားပျော်ပါးခြင်း စသည့် အားနည်းချက်များ ရှိသည်ဟု မင်းအောင်လှိုင်က ၎င်း၏ လက်အောက်ငယ်သားများကို အပြစ်တင်ထားသည်။

လက်အောက်ငယ်သားများကလည်း စစ်ကောင်စီခေါင်းဆောင်များ အာဏာတည်မြဲရေးအတွက် အောက်ခြေစစ်သည်များ၏ အသက်ကို စတေးနေခြင်းဖြစ်ကြောင်း၊ တပ်တွင်း၌ အောက်ခြေစစ်သည်များအား ဖိနှိပ်အနိုင်ကျင့်မှုများ ရှိကြောင်း ပြောဆိုထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။