Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်၏ ခမရ (၃၅၂)တပ်ရင်း စခန်းကုန်းသိမ်းတိုက်ပွဲမှ AA သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ

ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်းနှင့် ယမန်နေ့က သိမ်းပိုက်ခဲ့သည့် တပ်စခန်းကုန်းသည် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာ၌ ရှိကြောင်း ဖော်ပြထားသည်။

ဓါတ်ပုံ-AA
ဓါတ်ပုံ-AA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းကို စက်တင်ဘာ ၁၀ရက်မနက်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ရာ သိမ်းပိုက်ရရှိ​သောလက်နက်ခဲယမ်းများရုပ်သံမှတ်တမ်းကိုရက္ခိုင့်တပ်တော်(AA)က ယ​နေ့သတင်းထုတ်ပြန်လိုက်သည်။

စခန်းကုန်းသိမ်းပိုက်စဥ်သိမ်းဆည်းရမိ​သောလက်နက်များတွင် လက်နက်ကြီးလက်နက်ငယ်မျိုးစုံ( ၂၀)ဝန်းကျင် ၊လက်နက်ကြီးကျည်မျိုးစုံ ၊RPG ကျည် ၊ဗုံသီးများ ၊မိုင်းများ ၊လက်နက်ငယ်ကျည် ဆံ​ပေါင်းများနှင့်စစ်သုံးပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့သည်ကို ရုပ်သံဖိုင်နှင့်သတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

လောင်းဒို(မြို့)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ အနီးရှိ စစ်ကောင်စီ၏ ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းကို AAက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တစ်နရာရီကျော်သာ တိုက်ခိုက်ခဲ့ရပြီး စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ ပြီးစစ်သားအများအပြား​သေဆုံးဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲဖြစ်ပွားရာ စခန်းကုန်းအနီးတဝိုက်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၊ တိုက်လေယာဉ်များဖြင့် တစ်နေကုန် လာရောက်တိုက်ခိုက်ခဲ့ကြောင်း လည်း​ဖော်ပြသည်။

AA အနေဖြင့် ဩဂုတ် ၃၁ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခု ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်စခန်းတစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မိုင်တိုင် ၄၀ အနီးရှိ တပ်စခန်းအားပြန်လည်ရယူရန်ကြိုးစားနေပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း ကေ ထုတ်ပြန်သည်။

ထိုသို့ ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်းနှင့် ယမန်နေ့က သိမ်းပိုက်ခဲ့သည့် တပ်စခန်းကုန်းသည် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာ၌ ရှိကြောင်း ဖော်ပြထားသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဖော်ပြမည်ဟုလည်း AAက အသိပေးထုတ်ပြန်ခဲ့ရာ ယ​နေ့(စက်တင်ဘာ ၁၁)တွင် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများကိုထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

Facebook