Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသည့် PDF ရဲဘော်နှစ်ဦး မူလတပ်သို့ပြန်လည်ရောက်ရှိ

၎င်းတို့နှစ်ဦးလုံးသည် ပခုက္ကူအကျဥ်းထောင်မှ ခက်ခက်ခဲခဲထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေအား လုံခြုံရေးအခြေအနေအရ အသိပေးနိုင်ခြင်းမရှိသေးကြောင်း ကိုဇေယျာလွင်က ပြောသည်။

(ထွက်ပြေးလွတ်မြောက်လာသည့် PDFရဲဘော်နှစ်ဦး(ဘယ်နှင့်ညာ)၊ ဓာတ်ပုံ-Zayar Lwin/FB)
(ထွက်ပြေးလွတ်မြောက်လာသည့် PDFရဲဘော်နှစ်ဦး(ဘယ်နှင့်ညာ)၊ ဓာတ်ပုံ-Zayar Lwin/FB)

တော်လှန်ရေးဆက်လုပ်ရန် အသင့်ဖြစ်နေဟုပြော

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသော PDF ရဲဘော်နှစ်ဦး မူလတပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု 96 Soliders PDF အဖွဲ့က ကိုဇေယျာလွင်က ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည့် ရဲဘော်နှစ်ဦးမှာ စစ်ကိုင်းတိုင်းအခြေစိုက် 96 Soliders PDF အဖွဲ့ထံ ပြန်လည်ရောက်ရှိခဲ့သည်။

၎င်းတို့နှစ်ဦးသည် 96 Soliders PDF အဖွဲ့၏ တောင်ပိုင်းတိုင်း ကျားဖြူတပ်ခွဲ (၂)မှ ရဲဘော်နှစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်လကျော်ခန့်က တော်လှန်ရေးကိစ္စတစ်ခုဖြင့် ခရီးထွက်လာစဥ် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီး၌ စစ်ကောင်စီလက်အောက်ခံ ရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း 96 Soliders PDF အဖွဲ့မှ ကိုဇေယျာလွင်က ပြောသည်။

“သူတို့စပြီး ထွက်ပြေးလွတ်မြောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို စပြီးဆက်သွယ်ပါတယ်။ ကျွန်တော်တို့က ပခုက္ကူဒေသမှာရှိတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ သူတို့ကို လုံခြုံတဲ့အခြေအနေထိရောက်အောင် အဆင့်ဆင့်ကဲ့ပြီး ခေါ်ခဲ့ကြတယ်။ နှစ်ယောက်လုံး ကျန်းမာရေးကောင်းတယ်။ ပွန်းပဲ့နည်းနည်းပါးပါးလောက်ပဲရှိတယ်။ ရှေ့ဆက်ပြီးတော့ တော်လှန်ရေးလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ ဆက်ပါဝင်ဖို့ကိုလည်း အာသီသပြင်းပြနေကြတယ်”ဟု ကိုဇေယျာလွင်က ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့နှစ်ဦးလုံးသည် ပခုက္ကူအကျဥ်းထောင်မှ ခက်ခက်ခဲခဲထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေအား လုံခြုံရေးအခြေအနေအရ အသိပေးနိုင်ခြင်းမရှိသေးကြောင်း ကိုဇေယျာလွင်က ပြောသည်။

အဆိုပါ ရဲဘော်နှစ်ဦးနှင့်အတူ စစ်ကောင်စီက မတရားဖမ်းဆီးခံရသူ သုံးဦးနှင့်အတူ စုစုပေါင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်