Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသည့် PDF ရဲဘော်နှစ်ဦး မူလတပ်သို့ပြန်လည်ရောက်ရှိ

၎င်းတို့နှစ်ဦးလုံးသည် ပခုက္ကူအကျဥ်းထောင်မှ ခက်ခက်ခဲခဲထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေအား လုံခြုံရေးအခြေအနေအရ အသိပေးနိုင်ခြင်းမရှိသေးကြောင်း ကိုဇေယျာလွင်က ပြောသည်။

(ထွက်ပြေးလွတ်မြောက်လာသည့် PDFရဲဘော်နှစ်ဦး(ဘယ်နှင့်ညာ)၊ ဓာတ်ပုံ-Zayar Lwin/FB)
(ထွက်ပြေးလွတ်မြောက်လာသည့် PDFရဲဘော်နှစ်ဦး(ဘယ်နှင့်ညာ)၊ ဓာတ်ပုံ-Zayar Lwin/FB)

တော်လှန်ရေးဆက်လုပ်ရန် အသင့်ဖြစ်နေဟုပြော

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသော PDF ရဲဘော်နှစ်ဦး မူလတပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု 96 Soliders PDF အဖွဲ့က ကိုဇေယျာလွင်က ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည့် ရဲဘော်နှစ်ဦးမှာ စစ်ကိုင်းတိုင်းအခြေစိုက် 96 Soliders PDF အဖွဲ့ထံ ပြန်လည်ရောက်ရှိခဲ့သည်။

၎င်းတို့နှစ်ဦးသည် 96 Soliders PDF အဖွဲ့၏ တောင်ပိုင်းတိုင်း ကျားဖြူတပ်ခွဲ (၂)မှ ရဲဘော်နှစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်လကျော်ခန့်က တော်လှန်ရေးကိစ္စတစ်ခုဖြင့် ခရီးထွက်လာစဥ် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီး၌ စစ်ကောင်စီလက်အောက်ခံ ရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း 96 Soliders PDF အဖွဲ့မှ ကိုဇေယျာလွင်က ပြောသည်။

“သူတို့စပြီး ထွက်ပြေးလွတ်မြောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို စပြီးဆက်သွယ်ပါတယ်။ ကျွန်တော်တို့က ပခုက္ကူဒေသမှာရှိတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ သူတို့ကို လုံခြုံတဲ့အခြေအနေထိရောက်အောင် အဆင့်ဆင့်ကဲ့ပြီး ခေါ်ခဲ့ကြတယ်။ နှစ်ယောက်လုံး ကျန်းမာရေးကောင်းတယ်။ ပွန်းပဲ့နည်းနည်းပါးပါးလောက်ပဲရှိတယ်။ ရှေ့ဆက်ပြီးတော့ တော်လှန်ရေးလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ ဆက်ပါဝင်ဖို့ကိုလည်း အာသီသပြင်းပြနေကြတယ်”ဟု ကိုဇေယျာလွင်က ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့နှစ်ဦးလုံးသည် ပခုက္ကူအကျဥ်းထောင်မှ ခက်ခက်ခဲခဲထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေအား လုံခြုံရေးအခြေအနေအရ အသိပေးနိုင်ခြင်းမရှိသေးကြောင်း ကိုဇေယျာလွင်က ပြောသည်။

အဆိုပါ ရဲဘော်နှစ်ဦးနှင့်အတူ စစ်ကောင်စီက မတရားဖမ်းဆီးခံရသူ သုံးဦးနှင့်အတူ စုစုပေါင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။