Connect with us

Hi, what are you looking for?

သတင်း

လူမျိုးသုဉ်း သတ်ဖြတ်မှု အထောက်အထား အများကြီးကို Facebookကနေ ရခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ပြော

Facebookဖက်ကတော့ သူတို့ဟာ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့တွေကို သတ်မှတ် ဥပဒေတွေနဲ့အညီ လိုလိုလားလား အကူအညီတွေ ပေးနေပြီး ICJနဲ့ ဂမ်ဘီယာ အစိုးရအတွက် လိုအပ်တဲ့ အချက်အလက်တွေလည်း ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားထားပါတယ်။

လူမျိုးသုဉ်း သတ်ဖြတ်မှု အထောက်အထား အများကြီးကို Facebookကနေ ရခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ပြော
လူမျိုးသုဉ်း သတ်ဖြတ်မှု အထောက်အထား အများကြီးကို Facebookကနေ ရခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား အမြောက်အမြားကို Facebookပေါ်ကနေ ရရှိခဲ့ကြောင်း ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ မှာ ဖွဲ့စည်းပေးခဲ့ပြီး နောက် ၁ နှစ် အကြာမှာ လုပ်ငန်းလည်ပတ်မှုတွေ အစပြုလာခဲ့ပါတယ်။

သူတို့အဖွဲ့ အနေနဲ့ စုံစမ်းရေး လုပ်ငန်းစဉ်အတွက် အသုံးတည့်မယ့် အထောက်အထား သန်းနဲ့ချီပြီး Facebookပေါ်မှာ ရှာတွေ့ခဲ့တယ်လို့ IIMMရဲ့ အကြီးအကဲ နစ်ကိုလက်စ် ကွမ်ဂျီယန်က ပြောပါတယ်။ သူဟာ ဒီလို တွေ့ရှိချက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကို ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ မိန့်ခွန်းမှာ ထုတ်နုတ် ပြောပြသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်တာတွေ၊ မတရား ဖိနှိပ်တာတွေ ကျူးလွန်နေကြောင်း ဂမ်ဘီယာ အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ ၂၀၁၇ တုန်းက စွဲချက်တင်ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ ဖြိုခွင်းမှုတွေကြောင့် သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

Facebookပေါ်မှာ အချိတ်အဆက် ရှိနေတဲ့ အကောင့်ပေါင်းများစွာက အမုန်းစကား ဖြန့်ဝေတာတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုကို အားပေးတာတွေ ရေးသားထားတဲ့ ပို့စ်တွေ သန်းနဲ့ချီ မျှဝေခဲ့ကြပြီး အခုအခါမှာတော့ Facebookက အကောင့်တုတွေလို့ သတ်မှတ် ပယ်ဖျက်လိုက်တာ တွေ့ရကြောင်း ကွမ်ဂျီယန်က ဆိုပါတယ်။ Facebookဟာ အရင်ကလည်း မြန်မာနိုင်ငံမှာ အမုန်းစကား ဖြန့်ဝေမှုတွေကို ထိထိရောက်ရောက် ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြောင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

Facebookဖက်ကတော့ သူတို့ဟာ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့တွေကို သတ်မှတ် ဥပဒေတွေနဲ့အညီ လိုလိုလားလား အကူအညီတွေ ပေးနေပြီး ICJနဲ့ ဂမ်ဘီယာ အစိုးရအတွက် လိုအပ်တဲ့ အချက်အလက်တွေလည်း ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားထားပါတယ်။

လောလောဆယ်တော့ IIMMဟာ Facebookပေါ်က ရရှိထားတဲ့ အချက်အလက်တွေကို သီးသန့်ဖိုင် ၆၇ ခု ခွဲခြား ပြုစုထားပြီး ICJ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)တို့ အပါအဝင် တရားရေး အဖွဲ့အစည်းတွေဆီ မျှဝေပေးသွားမယ်လို့ ကွမ်ဂျီယန်က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံအနောက်ဖျား ဒေသတွေမှာ နယ်မြေရှင်းလင်းရေးလို့ ခေါင်းစဉ်တပ်ပြီး ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းခဲ့သလို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။