Connect with us

Hi, what are you looking for?

သတင်း

အင်အား ၁၈၀ခန့်ပါစစ်ကြောင်းကို ဗိုလ်နဂါး၏ကွန်မန်ဒိုတပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးခန့်ထိခိုက်ဟု ထုတ်ပြန်

ထိတွေ့ချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ငါးဦးမှာ ပြန်မထနိုင်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း MRDAက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ကွန်မန်ဒိုတပ်ဖွဲ့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ငါးဦးခန့် ထိခိုက်ခဲ့သည်ဟု MRDAက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက ပုလဲမြို့နယ်၊ပန်းရွာနှင့်မွေ့တုံကျေးရွာ အနီးတွင် အင်အား ၁၈၀ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ၁၃ဦးပါ MRDA အထူးကွန်မန်ဒိုတပ်ဖွဲ့ က အနီးကပ် ပြောက်ကျားနည်းဖြင့် ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိတွေ့ချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ငါးဦးမှာ ပြန်မထနိုင်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း MRDAက ထုတ်ပြန်သည်။

သာလွန်အင်အားဖြစ်သော်လည်း ကွန်မန်ဒိုများ၏ နယ်မြေကျွမ်းကျင်မှု၊ အတွေ့အကြုံပြည့်ဝမှုကြောင့် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသ​​နေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းက​နေ ဒီ​နေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။