Connect with us

Hi, what are you looking for?

သတင်း

လက်နက်နှင့် CDM ဝင်လာသည့် တပ်ကြပ်ကြီးအား ယင်းမာပင်မြို့နယ်တပ်ရင်း(၃) အမိမြေစစ်ကြောင်းက ကျပ်သိန်း ၈၀ပေးအပ်

တပ်ကြပ်ကြီးစာရေး မင်းသူသည် ပြည်သူများအပေါ် အကြမ်းဖက်ခြင်းများ ဆက်လက်မပြုလုပ်လို၍ လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင် ခွင်ခိုလှုံလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ရပ်တည်လာသည့် တပ်ကြပ်ကြီးစာရေးတစ်ဦးအား ကျပ်သိန်း ၈၀ ပေးအပ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်တပ်ရင်း (၃) အမိမြေစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တပ်ကြပ်ကြီးစာရေး မင်းသူသည် ပြည်သူများအပေါ် အကြမ်းဖက်ခြင်းများ ဆက်လက်မပြုလုပ်လို၍ လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင် ခွင်ခိုလှုံလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တပ်ကြပ်ကြီးအား ချီးမြှင့်ငွေပေးအပ်ရာတွင် တပ်ဖွဲ့၌ ရန်ပုံငွေအင်အား လုံလောက်စွာမရှိ၍ ချေးငှားပြီးပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမြန် ဆုံးပြန်လည်ပေးဆပ်နိုင်ရန် ပြည်သူများ၏ ကူညီမှု လိုအပ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။