Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

မြစ်ခြေရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်
မြစ်ခြေရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (စက်တင်ဘာ၁၆ ရက်) နံနက်ပိုင်းက မြစ်ခြေမြို့ရဲစခန်းအား ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချကာ တိုက်ခိုက်ခံရ​ပြီး စစ်ကောင်စီတပ်များ ခြေရှုပ်နေကြောင်း ဒေသခံများက ပြောသည်။

“မြို့ပေါ် တစ်မနက်လုံး ရခတွေသေနတ်အချက်ပေါင်းများစွာ လိုက်ဖောက်နေကြောင်းသိရပါတယ်။ သူတို့ဘက်တွင်ထိခိုက်သေဆုံးမှုရှိကြောင်း ကနဦးသိရပါတယ်။ မြစ်ခြေလာမယ့်ပြည်သူများ သတိရှိကြပါ။”ဟု Pakokku City & University News က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဒေသတွင်းအဖွဲ့အစည်းများကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းကလည်း ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကျွန်းချောင်းလမ်းတွင် ဆိုင်ကယ်ခြောက်စီး၊ ကားတစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်နှင့် ပျူများအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးသေဆုံးကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook