Connect with us

Hi, what are you looking for?

သတင်း

မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ဖို့ စိစစ်ဆဲဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုထားပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ
မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ

မြဝတီ-ဝေါ်လေကားလမ်းပိုင်းပေါ်မှာ နယ်မြေကျူးကျော်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းတွေအကြား ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ(၁)ကွပ်ကဲမှုရဲ့ ခမရ(၁)၊ ခမရ(၂)၊ ခမရ(၈)၊ ခမရ(၁၀၂) တပ်တွေဟာ မြဝတီ – ဝေါ်လေ ကားလမ်းမအနီး မြွေနှစ်ကောင်ဘုရားကုန်းကနေ လက်နက်ကြီးနဲ့ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးစစ်သည်တော်တွေဘက်က လုံခြုံဘေးကင်းလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ
မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ

ဒါ့အပြင် မြဝတီ-ဝေါ်လေ လမ်းပိုင်း၊ တောင်နီကျေးရွာအနီးကို ကျူးကျော်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ နည်းဗျူဟာ(၃) ကွပ်ကဲမှုရဲ့ ခမရ(၃)၊ ခမရ(၉)၊ ခမရ(၁၀၄) တပ်တွေကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်းရဲ့တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါကြောင့် တောင်နီကျေးရွာအနီးမှာ စက်တင်ဘာ(၁၆) ရက်နေ့ မနက် (၁၀) နာရီခန့်ကနေ နေ့လည် (၁)နာရီခန့်အထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်သည်တော်တွေ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ဖို့ စိစစ်ဆဲဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၁၆)ရက်နေ့ ည(၁၂) နာရီခန့်ကနေ စက်တင်ဘာ(၁၇) ရက်နေ့ မနက်(၄) နာရီခန့်အထိ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတပ်ဖွဲတွေအကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာလည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။