Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ်အုတ်ဖိုအိုင်ရွာကိုစစ်​ကောင်စီတပ်ဝင်​ရောက်စီးနင်းစဥ်တော်လှန်ရေးရဲဘော်(၁၀)ဦးဖမ်းဆီးသတ်ဖြတ်ခံရ

အလားတူ အုတ်ဖိုအိုင်ရွာသို့ ဝင်ရောက်ဖျက်ဆီးခဲ့သော စစ်အုပ်စုစစ်ကြောင်းသည် အောင်ချမ်းသာရွာသို့ဝင်ရောက်စဥ် စိတ်မနှံ့သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သေးသည်။

(တန့်ဆည်မြို့နယ်ရှိရွာတစ်ရွာကို စစ်​ကောင်စီတပ်က ၂၀၂၁ နှစ်ကုန်ပိုင်းကမီးရှို့ဖျက်ဆီး​နေစဥ်။ ဓါတ်ပုံ -Taze Support Organization)
(တန့်ဆည်မြို့နယ်ရှိရွာတစ်ရွာကို စစ်​ကောင်စီတပ်က ၂၀၂၁ နှစ်ကုန်ပိုင်းကမီးရှို့ဖျက်ဆီး​နေစဥ်။ ဓါတ်ပုံ -Taze Support Organization)

▪︎အောင်ချမ်းသာရွာမှ စိတ်မနှံ့သူတစ်ဦးကိုပါ စစ်တပ်ကမီးရှို့သတ်သွား

တန့်ဆည်နယ် အင်္ကုက္ကားရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ တပ်မ(၃၃)မှ အုတ်ဖိုအိုင်ရွာသို့ ဝင်ရောက်စီးနင်းချိန်တွင် တော်လှန်ရေးရဲဘော် (၁၀)ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်း မြစ်များက ပြောသည်။

စက်တင်ဘာ (၁၆)ရက်နေ့မနက်ပိုင်းက စစ်အုပ်စုမှ အင်းအား (၆၀)ကျော်ဖြင့် အုတ်ဖိုအိုင်ရွာသို့ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ပြီး စစ်ကြောင်းဝင်ရောက်ချိန် ရပ်ရွာလုံခြုံရေးရဲဘော်ခြောက်ဦးနှင့် PDF ရဲဘော်လေးဦး ဖမ်းဆီးခံခဲ့ရကာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ စစ်အုပ်စု၏ မီးရှို့သတ်ဖြတ်ခဲ့သော တော်လှန်ရေးရဲဘော်များ၏ မီးလောင်းကျွမ်းထားသည့်ရုပ်အလောင်းများကို ယင်းနေ့ညနေ ကျေးရွာသားများရွာအတွင်းပြန်ဝင်ချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာတော် လှန်ရေးတပ်ဖွဲ့များက ကျွင်းကျန်ရုပ်အလောင်းများကောက် ယူ၍ သဂြိုဟ်ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ အုတ်ဖိုအိုင်ရွာသို့ ဒလန်သတင်းပေးမှုဖြင့် စစ်အုပ်စုက ဝင်စီးခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင်နေအိမ် (၃၁) လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ အုတ်ဖိုအိုင်ရွာသို့ ဝင်ရောက်ဖျက်ဆီးခဲ့သော စစ်အုပ်စုစစ်ကြောင်းသည် အောင်ချမ်းသာရွာသို့ဝင်ရောက်စဥ် စိတ်မနှံ့သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။