Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တရားစွဲသော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိ၍ အဖမ်းမခံဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းပြော

စစ်ကောင်စီတပ်က ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာသားများကို ဖမ်းဆီးထောင်ချခြင်း၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ် ဆောင်နေကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက တရားစွဲသော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိ၍ အဖမ်းမခံဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းပြော
စစ်ကောင်စီက တရားစွဲသော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိ၍ အဖမ်းမခံဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းပြော

▪️“နိုင်ငံတော် အကြည်အညိုပျက်အောင် နိုင်ငံရဲ့ပုံရိပ်ကျအောင်လုပ်နေတာ ဘယ်သူလည်းဆိုတာ တစ်ကမ္ဘာလုံးက သိတယ်”

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို စစ်ကောင် စီက ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေတို့ဖြင့် တရားစွဲဆိုထားရာ တိုင်းပြည်နှင့် ဒေသအခြေအနေများကို အမှန်အတိုင်း ပြောဆိုခြင်းဖြစ်၍ အဖမ်းခံမည်မဟုတ်ကြောင်း ဦးဖေသန်းက ပြောကြားသည်။

စက်တင်ဘာ ၁၅ရက်က ရခိုင်သတင်းဌာန DMGနှင့် အမေးအဖြေကဏ္ဍ၌ ဦးဖေသန်း၏ ဖြေကြားချက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီက စက်တင်ဘာ ၁၇ရက်တွင် မြေပုံရဲစခန်း၌ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၆၆(ဃ)တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ကျွန်တော်တို့တော့ သူတို့က ဖမ်းဆီးတရားစွဲမယ်ပေါ့ဗျာ။ အဲဒီလို သူတို့ရဲ့အစီရင်ခံစာ တစ်ခုမှာ ဖတ်ရတာ။ ကျွန်တော်က ဒါသိပ်ပြောစရာမလိုပါဘူး။ ကျွန်တော်က နိုင်ငံရေးသမားတစ်ယောက် ဖြစ်တော့ ကိုယ့်ဒေသမှာ ဖြစ်နေတဲ့ အခြေအနေ ကိုယ့်တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေ ကို အမြဲတမ်း မီဒီယာတွေမှာ ပြောပါတယ်။ အခုတစ်ခါမှ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေကို သုံးသပ်ပြီး ပြောတာလည်းရှိတယ်။ နောက်ပြီး ရခိုင်ပြည်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့လည်း ကိုယ့်ပြည်သူလူထု ထိခိုက်နစ်နာမှုနဲ့ ပတ်သက်ပြီး ပြောတာလည်းရှိတယ်။ အဲဒါက သူတို့ကို သွားထိတယ်ပေါ့ဗျာ။ သူတို့ ပုံရိပ်ကျတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါက ကျွန် တော်က လုပ်ကြံပြောတာမှမဟုတ်တာ အမှန်တရားတွေပြောတာ”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီတပ်က ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာသားများကို ဖမ်းဆီးထောင်ချခြင်း၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ် ဆောင်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒါကို အနာရှိတော့ စပ်တာပေါ့ဗျာ။ အဲဒါကြောင့် ကျွန်တော့်ကို တရားစွဲတာ။ ကျွန်တော်က ကိုယ် လုပ်တဲ့ အလုပ်က ကိုယ့်ဒေသမှာ အမှန်တကယ် ဖြစ်နေတဲ့ အခြေအနေတွေကို ပြောတာပါ။ အပိုအလိုဘာမှ မရှိဘူး အဲဒါနဲ့ ပတ်သက်ပြီး သူတို့ မကျေနပ်ဘူးဆိုရင်မတက်နိုင်ဘူး။ ကျွန်တော်က နိုင်ငံရေး သမားဆိုတော့ ကိုယ့်ပြည်မှာ ဖြစ်နေတဲ့ အခြေအနေကိုတောင် မပြောရဲတဲ့ ပါးစပ်ပိတ်နေတဲ့ နိုင်ငံရေးသမားတော့ အဖြစ်မခံနိုင်ဘူး”ဟု ဦးဖေသန်းက ပြောသည်။

လက်ရှိတွင် ၎င်းအနေဖြင့် နယ်ဒေသများ၌ ခရီးသွားလာကာ ဒေသခံလူထုများနှင့် တွေ့ဆုံပြီး လက်ရှိ အခြေအနေများကို ဟောပြောခြင်း၊ စည်းရုံးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“ရခိုင်ရဲ့အခြေအနေက သူတို့ အဲဒီလောက်အထိ လက်လှမ်းမမီဘူး။ မြို့ပေါ်လောက်ပဲ စစ်ကောင်စီက ထိန်းနိုင်တာရှိတယ်။ နယ်မှာကျတော့ သူတို့ သွားတာ၊လာတာမရှိသလောက် ဖြစ်ကုန်ပြီ။ အဲဒီနေရာမျိုးမှာ ကျွန်တော်က ကိုယ့်ဒေသထဲမှာ လိုအပ်တဲ့ ဒေသတွင်းက အခြေအနေတွေကို ပြန်ပြီး ပြောတယ်။ ဒီနေ့ အခြေအနေနဲ့ ပတ်သက်ပြီး စည်းရုံးတယ် ဟောပြောတယ်။ နားလည်အောင်ပြောပြတာရှိတယ်။ ဒါက ကျွန်တော်က ပါတီနိုင် ငံရေးမလုပ်တဲ့နောက်ပိုင်းမှာ လွှတ်တော်နိုင်ငံရေးမရှိတဲ့နောက်ပိုင်းမှာ အမျိုးသားနိုင်ငံရေး နဲ့ ကိုယ့်ပြည်သူကို တည့်မတ်ပေးဖို့ အဆိုးအကောင်း အကျိုးအကြောင်း ကို ပြောဖို့ ကျွန်တော်မှာ တာဝန်ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နယ်လှည့်ပြီးသွားနေတာ။ကျွန်တော့်ကို ဖမ်းနိုင်ဖို့ အခြေအနေကတော့ မရှိဘူးပေါ့”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီတပ်က စွပ်စွဲသော်လည်း အမှားလုပ် ထားခြင်းမရှိ၍ လိပ်ပြာလုံကြောင်း၊ ထို့ကြောင့် ပြောသင့်ပြောထိုက်သည်များကို ဆက်လက် ပြောဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်ပြစ်မှု ဘာမှ မကျူးလွန်ဘူး နိုင်ငံတော် အကြည်အညို ပျက်အောင်လည်းဘာမှမလုပ်ဘူး နိုင်ငံတော် ဆူပူအောင်လည်း မလုပ်ဘူး။ လုပ်နေတာ ဘယ်သူလဲ နိုင်ငံတော် အကြည်အညိုပျက်အောင် နိုင်ငံရဲ့ပုံရိပ်ကျအောင် လုပ်နေတာ ဘယ်သူလည်းဆိုတာ တစ်ကမ္ဘာလုံးက သိတယ်။ အထူးပြောစရာမလိုဘူး။ဒါကြောင့် ဒီပုဒ်မက ကျွန်တော့်ကို မတရားသပ်သပ် ဆွဲထားတဲ့ ပုဒ်မပဲဖြစ်တယ်”ဟု ဦးဖေသန်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook