Connect with us

Hi, what are you looking for?

သတင်း

မြောင်နှင့် ပခုက္ကူတွင် PDFအဖွဲ့အမည်အလွဲသုံးစားပြုလုပ်ကာ ခြိမ်းခြောက်ငွေတောင်းခံနေ

ပခုက္ကူခရိုင် ရေလာလေးကျေးရွာမှ ပျူများနှင့်မြိုင်မြို့နယ် တွင်းမကျေးရွာမှ ပျူများပေါင်း၍ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ အမည်ဖြင့် အပြစ်မဲ့ပြည်သူထံ ခြိမ်းခြောက်ငွေတောင်းခြင်းဖြစ်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

မြောင်မြို့နယ်
မြောင်မြို့နယ်

▪️အဖွဲ့အမည်အလွဲသုံးစားပြုနေသူများအား အမြစ်ပြတ်ချေမှုန်းမည်ဟု PDFများ သတိပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့အမည်အလွဲသုံးစားပြုလုပ်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ပခုက္ကူ
ပခုက္ကူ

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူတစ်ဦးထံ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အမည်အသုံးပြုပြီး ဖုန်းဖြင့်စာတိုပို့ကာ ခြိမ်းခြောက် ငွေညှစ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ပခုက္ကူခရိုင် ရေလာလေးကျေးရွာမှ ပျူများနှင့်မြိုင်မြို့နယ် တွင်းမကျေးရွာမှ ပျူများပေါင်း၍ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ အမည်ဖြင့် အပြစ်မဲ့ပြည်သူထံ ခြိမ်းခြောက်ငွေတောင်းခြင်းဖြစ်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ပခုက္ကူခရိုင်အတွင်း ကျားသစ်နက်အဖွဲ့အမည် အလွဲသုံးစားပြုလုပ်ကာ ပြည်သူတစ်ဦးအား ဖုန်းမှတဆင့် စာတိုပို့ခြိမ်းခြောက်ထားသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-ကျားသစ်နက်
ပခုက္ကူခရိုင်အတွင်း ကျားသစ်နက်အဖွဲ့အမည် အလွဲသုံးစားပြုလုပ်ကာ ပြည်သူတစ်ဦးအား ဖုန်းမှတဆင့် စာတိုပို့ခြိမ်းခြောက်ထားသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-ကျားသစ်နက်

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သည် ယနေ့အချိန်ထိ လောင်းကစားဝိုင်းများအား ဆက်ကြေးကောက်ခြင်း၊ ပြည်သူလူထုထံမှ မတရားသော အခကြေးငွေ ရယူခြင်း၊ လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ်၌ နိုင်ထက်စီးနင်းပြုမှုများ လုံးဝမပြုလုပ်ခဲ့ကြောင်း ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ပျူတွေအနေနဲ့ ပြည်သူတစ်ဦးထံ ခြိမ်းခြောက်ငွေညှစ်တာပါဗျ။ စခတွေ ပခတွေက မြေပြင်တော်လှန်ရေးသမားနာမည်နဲ့ လုပ်စားနေတာကြာပြီ။ တော်လှန်ရေးကို သေးသိမ်အောင် လုပ်တာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ အနေနဲ့တော့ အဆိုပါ လူယုတ်မာတသိုက်ကို အမြန်ဆုံး အမြစ်ပြတ်ချေမှူန်းပါမယ်လို့ပဲ ဖြည့်စွတ်ပြီးပြောချင်ပါတယ်ဗျ။”ဟု ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ​မြောင်မြို့နယ်ရှိ စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄) Myaung Special People’s Defence Force (MSPDF) အဖွဲ့အမည်အား အသုံးပြုကာ ငွေကြေးတောင်းခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ အလွဲသုံးစားပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း MSPDFက အသိပေးသည်။

နောက်နောင်တွင် MSPDFအဖွဲ့အစည်း၏ပုံရိပ် အား အသုံးပြုပြီး ငွေကြေးရှာဖွေမှုများ၊ဂုဏ်ပြုမှတ်တမ်းလွှာ အလွဲသုံးစားအသုံးပြုမှုများ၊အဖွဲ့အစည်း၏ ပုံရိပ်ကိုအသုံးချပြီး ကိုယ်ကျိုးစီးပွားရှာဖွေမှုများကို စိိစစ်တွေ့ရှိပါက လုံးဝ(လုံးဝ) သက်ညှာထောက်ထားမှုမရှိဘဲ ပြင်းပြင်းထန်ထန် ထိထိ​ရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း MSPDFက သတိပေးထားသည်။

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် PDF အဖွဲ့အမည်အလွဲသုံးစားပြုကာ ငွေကြေးခြိမ်းခြောက်တောင်းခံခြင်း၊ PDFအဖွဲ့ပုံရိပ်ကျဆင်းစေရန် အကြမ်းဖက်မှုများ ပြုလုပ်ခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်