Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် တန်းမြှင့်လေ့ကျင့်ရေးတပ်(၁၃)စစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်းဦးအပါအဝင်သုံးဦး ပစ်သတ်ခံရ

ယင်းမစ်ရှင်တွင် MA-3 ​သေနတ်နှစ်လက် ၊MA-1 သေနတ်တစ်လက်၊ 5.56 ကျည် (၄၁၃)တောင့်၊ (၉) မမ ကျည် ၁၃တောင့် ၊ အီနာဂါဗုံးသီး (၈)လုံးနှင့် 5.56 ကျည်ဘောက်(၂)ခု တို့အားသိမ်းဆည်းရရှိခဲ့သည်။

ဓာတ်ပုံ - Thabeikkyin Revolution-TR
ဓာတ်ပုံ - Thabeikkyin Revolution-TR

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် တန်းမြှင့်လေ့ကျင့်ရေးတပ်(၁၃)လှုပ်ရှားစစ်ကြောင်း မှူး ဗိုလ်မှူးမျိုးမင်းဦးအပါအဝင် သုံးဦး အနီးကပ် ပစ်သတ်ခံရပြီး လက်နက်နှင့်ခဲယမ်းများရရှိကြောင်း Thabeikkyin Revolution-TR က ယနေ့(စက်တင်ဘာ ၁၉ ရက်) ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအရှေ့ဘက် မီးလင်းရွှေလုပ်ကွက်အနီးတွင် ယမန်နေ့ ညနေ၅ နာရီခွဲခန့်က ရွှေစုစုသန်းကုမ္ပဏီမှ စွန့်ပစ်ထားသော ပစ်စာများအား ရွာသူ၊ရွာသားများမှ ကျုံးယူနေသည်ကို ကုမ္ပဏီမှငွေပေး၍ ခြိမ်းခြောက်မောင်းထုတ်ရန် ခေါ်ထားသော တန်းမြင့်လေးကျင့်ရေးတပ်(၁၃ )လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်းဦး၊ အရာခံဗိုလ်တစ်ဦးနှင့် ယာဥ်မောင်းစစ်သားတစ်ဦးတို့လိုက်ပါလာသော ယာဥ်အား သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်ကာ ကွယ်ရေးတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Thabeikkyin Revolution-TR
ဓာတ်ပုံ – Thabeikkyin Revolution-TR

“ကားရော၊လူပါ ဇကာပေါက်ဖြစ်၍ ကိစ္စချောသွားစေခဲ့သည်”ဟု TR က ပြောသည်။

ယင်းမစ်ရှင်တွင် MA-3 ​သေနတ်နှစ်လက် ၊MA-1 သေနတ်တစ်လက်၊ 5.56 ကျည် (၄၁၃)တောင့်၊ (၉) မမ ကျည် ၁၃တောင့် ၊ အီနာဂါဗုံးသီး (၈)လုံးနှင့် 5.56 ကျည်ဘောက်(၂)ခု တို့အားသိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Thabeikkyin Revolution-TR
ဓာတ်ပုံ – Thabeikkyin Revolution-TR

ထို့အပြင် ပစ်ခတ်ရှင်းလင်းမှုအတွင်း MA-3 သေနတ်တစ်လက်နှင့် MA-1 တစ်လက်မှာ ကျည်ဆံထိမှန်၍ ချို့ယွင်းခဲ့ရသည်ဟု အသိပေးထားသည်။

ထိုဖြစ်စဥ်ကြောင့် ယနေ့ နံနက် ၇နာရီခွဲခန့် တွင် စဥ့်ကူးမြို့နယ်မှ ဖောကားနှစ်စီးဖြင့် စစ်ကြောင်းထိုးရန်တက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ထောက်ကြံ့ကျေးရွာနှင့် ကျွဲဘုံးကျေးရွာကြားတွင်း ပဒေသာမိုင်း ၁၀လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားရှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟုလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၂ဦးသေဆုံးပြီး ၁၆ဦးက ပြင်းထန်ဒဏ်ရာတွေရကာ ၁၁ဦးကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

သပိတ်ကျင်းမြို့နယ်ထဲက ၇မိုင်၊ကျောက်ကြီးနဲ့တွင်းငယ်ကျေးရွာတွေမှာ ဒီနေ့ (ဒီဇင်ဘာ ၂၆ ရက်​နေ့)အထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့သိရပါတယ်။

သတင်း

ဧရာဝတီမြစ်ဘေးတွင်တည်ရှိသော သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၁၇ ရက်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာသည့်အပေါ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော်တာဝန်ရှိသူက ပြောသည်။