Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အရှင်ဖမ်းဆီးသော်လည်း ပြန်လည်ခုခံသဖြင့် ရှင်းလင်းခဲ့ရဟု PDF ပြော

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။

ဓာတ်ပုံ - Earthquake People's Defence Force
ဓာတ်ပုံ - Earthquake People's Defence Force

ဖမ်းဆီးမိခဲ့သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးမှာ ပြန်လည်ခုခံသဖြင့် ရှင်းလင်းလိုက်ရကြောင်း Earthquake People’s Defence Force ၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောကြားသည်။

ပခုက္ကူမြို့နယ် အနောက်ခြောက်ကန်ကျေးရွာသို့ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ မှတ်ပုံတင်အမှတ် ၁၃/လလန(နိုင်) ၀၇၄၆၆၂ ကိုင်ဆောင်သော ဗိုလ်မှူးအောင်ထွန်းကို Earth quake People’s Defence Force အဖွဲ့မှ ယနေ့နေ့လည် ၂နာရီတွင် အရှင်ဖမ်းမိနိုင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Earthquake People's Defence Force
ဓာတ်ပုံ – Earthquake People’s Defence Force

၎င်းထံမှ စအဖ ၊ရဲမှတ်တမ်း၊ ပခုက္ကူမြို့နယ်တရားရုံးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း၊ အခြားအရေးကြီးသည့် စာရွက်စာတမ်းများနှင့်အတူ ဒရုန်းတစ်ခု၊ Equipment တစ်စုံကိုပါ သိမ်းဆည်းရရှိခဲ့သည်။

“လားရှိုးကနေ ပြန်လာတာ။အနောက်ခြောက်ကန် ကျေးရွာက သူ့ဇာတိ။ အေးအေးဆေးဆေးဖမ်းတာ လက်မခံလို့ ရှင်းလိုက်ရပါတယ်”ဟု Earthquake People’s Defence Force တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီနှင့် ပတ်သက်သည့် မည်သူကိုမဆို ပိုမိုအရှိနိမြှင့်ကာ အမြစ်ပြတ်တွန်းလှန်တိုက်ထုတ် သွားမည်ဟုလည်း Earthquake People’s Defence Force က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်