Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးနယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး​၏ လောင်းကစားဝိုင်း ရပ်တန်းကရပ်ရန် သမန်းကျား ပြောက်ကျားတပ်ဖွဲ့ သတိပေး

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သပိတ်ကျင်းမြို့နယ်ရှိ မင်းသား၊မင်းသမီးပုံဖြင့်ကစားရသည့် လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-Thabeikkyin Revolution(TR)
သပိတ်ကျင်းမြို့နယ်ရှိ မင်းသား၊မင်းသမီးပုံဖြင့်ကစားရသည့် လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-Thabeikkyin Revolution(TR)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရုံးပင်ချပ်ကျေးရွာတွင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးထောင်ထားသည့် လောင်းကစားဝိုင်း ရပ်တန်းကရပ်ရန် စဉ့်ကူးမြို့နယ် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။

စဉ့်ကူးမြို့နယ်၊ ရုံးပင်ချပ်ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ကြီးဦးလှအုန်းနှင့် ၎င်း၏ဇနီးဒေါ်ကြူသည် စစ်ကောင်စီတပ်နှင့် ရဲများအားဆက်ကြေးပေးပြီး လောင်းကစားဝိုင်းပြုလုပ်နေကြောင်း၊ အဆိုပါလောင်းကစားဝိုင်းများအား ရပ်တန့်ရန် ပထမအကြိမ် သတိပေးလိုက်ကြောင်း သမန်းကျားပြောက်ကျား တပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သတိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်တပ်က အဓမ္မအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်း လောင်းကစားဝိုင်းများ ပိုမိုများ ပြားလာပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အဆိုပါလောင်းကစားဝိုင်းများ ရပ်တန့်ရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

သမန်းကျားပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်အား စီစီတီဗွီကင်မရာမှတ်တမ်းများအား စစ်တပ်ထံသတင်းပေးပို့နေသော စဉ့်ကူးမြို့နယ်ရှိ တန်ပိုဂိတ် များအား ပိတ်သိမ်းရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။