Connect with us

Hi, what are you looking for?

သတင်း

သန်လျင်မြို့ရှိ ယာဉ်ထိန်းရဲကင်းကို မြို့နယ်(ပကဖ) ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

“ပေါက်ကွဲအားပြင်း ဗုံးတစ်မျိုးပါပဲခင်ဗျ။ ကနဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ကတော့ ဘဲဥတစ်ဦးပါ ။ကျန်တဲ့သူတွေလည်း ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ “ဟု အထက်ပါဒေသခံက ပြောသည်။

သန်လျင်မြို့ရှိ ယာဉ်ထိန်းရဲကင်းကို မြို့နယ်(ပကဖ) ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်
သန်လျင်မြို့ရှိ ယာဉ်ထိန်းရဲကင်းကို မြို့နယ်(ပကဖ) ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ သန်လျင်မြို့နယ် (၆)လမ်းသွားလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အပြင်းစားဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပေါက်ကွဲအားပြင်း ဗုံးတစ်မျိုးပါပဲခင်ဗျ။ ကနဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ကတော့ ဘဲဥတစ်ဦးပါ ။ကျန်တဲ့သူတွေလည်း ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ “ဟု အထက်ပါဒေသခံက ပြောသည်။

သန်လျင် – ကျောက်တန်း (၆)လမ်းသွားလမ်းပေါ်၌ ယာဉ်ထိန်းရဲများသည် အကြမ်းဖက်စစ်ကောင်စီ နှင့်ပေါင်း၍ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေသောကြောင့် သန်လျင်သားများ သွေးမအေးကြောင်း ပြသခြင်းဖြစ်သည်ဟု သန်လျင်(ပက‌ဖ)မှ တာဝန်ရှိသူက သန်လျင်မီဒီယာ၌ ဖြေကြားထားသည်။

“အခုတော့ စခ၊ရခတွေ ဖြစ်စဥ်ဖြစ်ပွားရာနေရာကို ရောက်နေကြပြီ။ ရဲကင်းအဆောက်ဦးကတော့ ပျက်စီးသွားပါတယ်”ဟု သန်လျင်(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက သန်လျင်မြို့နယ်၌ ယ​နေ့ နံနက်တွင် ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည် ​တော်လှန်​ရေးရန်ပုံ​​ငွေများလိမ်လည်ယူသွားပြီးစစ်ကောင်စီထံ လက်နက်ချခဲ့သူများဖြစ်ကြောင်း တော်လှန်အင်အားစုများကပြောသည်။

သတင်း

အဆိုပါရေတပ်သားသည် စစ်တပ်အာဏာသိမ်းစဉ်တွင် ၂၀၂၁ မတ်လအတွင်းက ပြည်သူ့ဘက် ရပ်တည်ပြီး CDMပြုလုပ်ခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

သတင်း

မန္တလေးမြို့တွင် သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခံရသည့် ယာဥ်ထိန်းရဲမေ အသက်သေဆုံးခြင်းမရှိဘဲ အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း၌ ဆေးရုံတက်ကုသနေရကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။