Connect with us

Hi, what are you looking for?

သတင်း

သုံးခွမြို့နယ် ကတုံးပေါ်နယ်မြေရဲစခန်းကို ခရမ်း PDFက (၄၀)မမ ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

“အဆောက်အဦးနှင့် စခများထိခိုက်မှုရှိနိုင်ပြီး အသေးစိပ်ကို မသိရှိရသေးပါ။ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု PDF-Khayan က အသိပေးသည်။

သုံးခွမြို့နယ် ကတုံးပေါ်နယ်မြေရဲစခန်းကို ခရမ်း PDFက (၄၀)မမ ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
သုံးခွမြို့နယ် ကတုံးပေါ်နယ်မြေရဲစခန်းကို ခရမ်း PDFက (၄၀)မမ ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်အုပ်စုက အပြစ်မဲ့ပြည်သူငါးဦးကို ဖမ်းဆီးသွား

ရန်ကုန်တိုင်း သုံးခွမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကတုံးပေါ်နယ်မြေရဲစခန်းကို (၄၀)မမ ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-Khayan)က ယနေ့(စက်တင်ဘာ ၂၂) ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁ နာရီ ၁၅မိနစ်ခန့်က စစ်ကောင်စီလက်အောက်ခံ ကတုံးပေါ်အထက်ရွာ နယ်မြေရဲစခန်းအား (၄၀)မမ ဗုံးသီးနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ရာ အဆောက်အဦးနှင့် စစ်ကောင်စီတပ်များ ထိခိုက်မှုရှိနိုင်ကြောင်း ဖော်ပြသည်။

“အဆောက်အဦးနှင့် စခများထိခိုက်မှုရှိနိုင်ပြီး အသေးစိပ်ကို မသိရှိရသေးပါ။ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု PDF-Khayan က အသိပေးသည်။

“ငြိမ်မနေဘူးဆိုတဲ့အကြောင်း ပြလိုက်တာပါ။သုံးခွကိုလည်း ညီအကိုမြို့ဖြစ်တဲ့အတွက် ကစားပေးရမှာဘဲဗျ အတူတူပါ တသားတည်းပါ ဆိုတာပြတာပါ” ဟု ခရမ်း PDF ခေါင်းဆောင်ကိုမီးပွားက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က ကတုံးပေါ်အလယ်ရွာ၊ ကတုံးပေါ်အထက်ရွာနှင့် ဘုံလုံကျေးရွာတို့မှ အပြစ်မဲ့ပြည်သူငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ်။ ရင်တွေပါတုန်တယ်။ ထိခိုက်ဘာညာတော့ သေချာမသိဘူး။ သူတို့ (စစ်အုပ်စု)က ပြည်သူငါးဦးကို လက်ထိပ်ခတ်ပြီး ခေါ်သွားတာတွေ့တယ်”ဟု ကတုံးပေါ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

PDF-Khayan အနေဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာကတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ရခြင်းအပေါ် သွေးကြွေးပြန်တောင်းသည့်အနေဖြင့် စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်လျှက်ရှိရာ စက်တင်ဘာ ၂၀ ရက်က ခရမ်းမြို့နယ်ထွေအုပ်ရုံကို (၄၀)မမ ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ထွေအုပ်ဝန်ထမ်းအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။