Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ သမိုင်းလမ်းဆုံရှိ စစ်အုပ်စု၏ နှစ်ထပ်ဘန်ကာအား ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်မှုအပြီးနောက် စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့​သော်လည်း မဟာမိတ်အဖွဲ့သားအားလုံး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က ဖော်ပြထားသည်။

(သမိုင်းလမ်းဆုံရှိ စစ်ကောင်စီ တည်ဆောက်ထားသည့် နှစ်ထပ်ဘန်ကာအား တွေ့ရစဥ်၊ ပုံ‌အဟောင်းအား အသုံးပြုထားပါသည်)
(သမိုင်းလမ်းဆုံရှိ စစ်ကောင်စီ တည်ဆောက်ထားသည့် နှစ်ထပ်ဘန်ကာအား တွေ့ရစဥ်၊ ပုံ‌အဟောင်းအား အသုံးပြုထားပါသည်)

ယင်းဖြစ်ရပ်တွင် ပြည်သူနှစ်ဦးထိခိုက်ခဲ့သည်အတွက် ဝန်ချတောင်းပန်ကြောင်းနှင့် တော်လှန်ရေးပြီးပါက ထိုက်သင့်သည့်ပြစ်ဒဏ်ခံယူမည်ဟု FLA အဖွဲ့ ထုတ်ပြန်

ရန်ကုန်မြို့ မရမ်းကုန်း​မြို့နယ် သမိုင်းလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီ ဆောက်လုပ်ထားသည့် နှစ်ထပ်ဘန်ကာအား ယနေ့ (စက်တင်ဘာ ၂၃) နံနက်ပိုင်း၌ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force(FLA) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၁၁နာရီမိနစ်၄၀အချိန်တွင် သမိုင်းလမ်းဆုံရှိ နှစ်ထပ်ဘန်ကာအား နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) နှင့် Emerald Girls Army (EGA) အဖွဲ့တို့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စွဲထားသော ဘန်ကာဘေးသို့ ရောက်လာသည့် ပြည်သူနှစ်ဦး ထိခိုက်ခဲ့သည်ကို စုံစမ်းသိရှိရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ပစ်မှတ်မှာ စစ်ကောင်စီ တပ်စွဲထားသည့် နှစ်ထပ်ဘန်ကာသာ ဖြစ်ပြီး ပြည်သူထိခိုက်စေရန် မရည်ရွယ်ခဲ့သော်လည်း ထိခိုက်မိခဲ့သည့်အတွက် ပြည်သူနှစ်ဦး အပါအ၀င် အများပြည်သူများကို တောင်းပန်ကြောင်း FLA အဖွဲ့က ထပ်မံထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် တော်လှန်ရေးအပြီး၌ ပြည်သူထိခိုက်ခဲ့မှုအတွက် ထိုက်သင့်သည့်အပြစ်ပေးမှုကို မစ်ရှင်ကိုတာ၀န်ခံ လုပ်ဆောင်ခဲ့သည့် ခေါင်းဆောင်နေမျိုးနွယ်မှ အယူခံ၀င် ဖြေရှင်း၍ ထိုက်သင့်သည့် ပြစ်ဒဏ်ကို ခံယူသွားမည်ဖြစ်ပြီး နောက်နောင်မစ်ရှင်များတွင် ပြည်သူများကို မထိခိုက်စေရန် အထူးသတိထားလုပ်ဆောင်သွားပါမည်ဟု ကတိပြုပြောကြားလိုကြောင်း FLA အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

” မနက်က သမိုင်း မီးပွိုင့်ထောင့်က နှစ်ထပ်ဘန်ကာနားမှာ ပေါက်ကွဲမှု ဖြစ်တာပါ။ ပေါက်ကွဲသံ အကျယ်ကြီး တစ်ချက်ကြားလိုက်ရတယ်။ ဆေးရုံကားတွေရော၊ စစ်ကား၊ ရဲကားတွေရော ရှုပ်ယှက်ခတ်နေပါတယ်။ လူနှစ်ဦး ထိတယ်လို့ ကြားပေမယ့် အရပ်ဝတ်စစ်သားတွေလား လမ်းသွားလမ်းလာ ပြည်သူလား ဆိုတာတော့ သေချာမသိရပါဘူး ” ဟု မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအပြီးနောက် စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့​သော်လည်း မဟာမိတ်အဖွဲ့သားအားလုံး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များနှင့် ၎င်းတို့အနီးပတ်၀န်းကျင်သို့ အနီးကပ်သွားလာခြင်းများ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့တပ်စွဲ အခြေချထားသည့် နေရာများကို အတက်နိင်ဆုံး ရှောင်ရှားပေးကြရန် ပြောက်ကျားအဖွဲ့အားလုံးကိုယ်စား FLA အဖွဲ့က ထပ်မံမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေးမြန်းခန်း

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။