Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ သမိုင်းလမ်းဆုံရှိ စစ်အုပ်စု၏ နှစ်ထပ်ဘန်ကာအား ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်မှုအပြီးနောက် စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့​သော်လည်း မဟာမိတ်အဖွဲ့သားအားလုံး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က ဖော်ပြထားသည်။

(သမိုင်းလမ်းဆုံရှိ စစ်ကောင်စီ တည်ဆောက်ထားသည့် နှစ်ထပ်ဘန်ကာအား တွေ့ရစဥ်၊ ပုံ‌အဟောင်းအား အသုံးပြုထားပါသည်)
(သမိုင်းလမ်းဆုံရှိ စစ်ကောင်စီ တည်ဆောက်ထားသည့် နှစ်ထပ်ဘန်ကာအား တွေ့ရစဥ်၊ ပုံ‌အဟောင်းအား အသုံးပြုထားပါသည်)

ယင်းဖြစ်ရပ်တွင် ပြည်သူနှစ်ဦးထိခိုက်ခဲ့သည်အတွက် ဝန်ချတောင်းပန်ကြောင်းနှင့် တော်လှန်ရေးပြီးပါက ထိုက်သင့်သည့်ပြစ်ဒဏ်ခံယူမည်ဟု FLA အဖွဲ့ ထုတ်ပြန်

ရန်ကုန်မြို့ မရမ်းကုန်း​မြို့နယ် သမိုင်းလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီ ဆောက်လုပ်ထားသည့် နှစ်ထပ်ဘန်ကာအား ယနေ့ (စက်တင်ဘာ ၂၃) နံနက်ပိုင်း၌ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force(FLA) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၁၁နာရီမိနစ်၄၀အချိန်တွင် သမိုင်းလမ်းဆုံရှိ နှစ်ထပ်ဘန်ကာအား နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) နှင့် Emerald Girls Army (EGA) အဖွဲ့တို့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စွဲထားသော ဘန်ကာဘေးသို့ ရောက်လာသည့် ပြည်သူနှစ်ဦး ထိခိုက်ခဲ့သည်ကို စုံစမ်းသိရှိရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ပစ်မှတ်မှာ စစ်ကောင်စီ တပ်စွဲထားသည့် နှစ်ထပ်ဘန်ကာသာ ဖြစ်ပြီး ပြည်သူထိခိုက်စေရန် မရည်ရွယ်ခဲ့သော်လည်း ထိခိုက်မိခဲ့သည့်အတွက် ပြည်သူနှစ်ဦး အပါအ၀င် အများပြည်သူများကို တောင်းပန်ကြောင်း FLA အဖွဲ့က ထပ်မံထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် တော်လှန်ရေးအပြီး၌ ပြည်သူထိခိုက်ခဲ့မှုအတွက် ထိုက်သင့်သည့်အပြစ်ပေးမှုကို မစ်ရှင်ကိုတာ၀န်ခံ လုပ်ဆောင်ခဲ့သည့် ခေါင်းဆောင်နေမျိုးနွယ်မှ အယူခံ၀င် ဖြေရှင်း၍ ထိုက်သင့်သည့် ပြစ်ဒဏ်ကို ခံယူသွားမည်ဖြစ်ပြီး နောက်နောင်မစ်ရှင်များတွင် ပြည်သူများကို မထိခိုက်စေရန် အထူးသတိထားလုပ်ဆောင်သွားပါမည်ဟု ကတိပြုပြောကြားလိုကြောင်း FLA အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

” မနက်က သမိုင်း မီးပွိုင့်ထောင့်က နှစ်ထပ်ဘန်ကာနားမှာ ပေါက်ကွဲမှု ဖြစ်တာပါ။ ပေါက်ကွဲသံ အကျယ်ကြီး တစ်ချက်ကြားလိုက်ရတယ်။ ဆေးရုံကားတွေရော၊ စစ်ကား၊ ရဲကားတွေရော ရှုပ်ယှက်ခတ်နေပါတယ်။ လူနှစ်ဦး ထိတယ်လို့ ကြားပေမယ့် အရပ်ဝတ်စစ်သားတွေလား လမ်းသွားလမ်းလာ ပြည်သူလား ဆိုတာတော့ သေချာမသိရပါဘူး ” ဟု မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအပြီးနောက် စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့​သော်လည်း မဟာမိတ်အဖွဲ့သားအားလုံး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များနှင့် ၎င်းတို့အနီးပတ်၀န်းကျင်သို့ အနီးကပ်သွားလာခြင်းများ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့တပ်စွဲ အခြေချထားသည့် နေရာများကို အတက်နိင်ဆုံး ရှောင်ရှားပေးကြရန် ပြောက်ကျားအဖွဲ့အားလုံးကိုယ်စား FLA အဖွဲ့က ထပ်မံမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook