Connect with us

Hi, what are you looking for?

သတင်း

စနိုက်ပါ လက်ချက်ကြောင့် ၄ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၁ဦးသေဟု ကော်ဘရာစစ်ကြောင်းအသိပေး

အလားတူ စက်တင်ဘာ ၂၀ရက်တောင်နီရွာအနီးတိုက်ပွဲ၌လည်း လက်ဖြောင့်စစ်သည်များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်မှ ၂ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(​ကော်ဘရာစစ်​ကြောင်းမှလက်​ဖြောင့်​သေနတ်သမားတစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ။ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှလက်​ဖြောင့်​သေနတ်သမားတစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ။ဓါတ်ပုံ-Cobra Column)

မြ၀တီ – ဝေါ်လေ ကားလမ်း အနီးတဝိုက်တွင် ကော်ဘရာ စစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ပူးပေါင်းတပ်ဖွဲ့မှ လက်ဖြောင့်စနိုက်ပါစစ်သည် တော်များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီး ၄ရက်အတွင်း စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ မြ၀တီ -ဝေါ်လေလမ်း၌ စစ်တင်ဘာ ၂၀ရက်မှ ၂၃ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ကော်ဘရာ စစ်ကြောင်းက နေ့အလိုက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

တောင်နီ ရွာအနီး တောင်ကုန်းတစ်ခုပေါ်သို့အခြေပြုရန် ကြိုးစား နေသည့် စစ်ကောင်စီ တပ်ကို KNLA တပ်ရင်း (၂၇) ကော်ဘရာ စစ်ကြောင်း နှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂) တို့က စက်တင်ဘာ ၂၃ရက် နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း လက်ဖြောင့်စစ်သည်များ၏ လက်ချက်ဖြင့် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိဟု အသိပေးထားသည်။

စက်တင်ဘာ ၂၂ရက်ကလည်းသေ့ဘောဘိုးရွာအနီးတိုက်ပွဲ၌စနိုက်ပါစစ်သည် နှစ်ဦး၏ စွမ်းဆောင်ချက်ကြောင့် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးခဲ့ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၁ရက် တောင်နီရွာအနီး တိုက်ပွဲ၌လည်း ပူးပေါင်းတပ်ဖွဲ့များဘက်က လက်ဖြောင့်စနိုက်ပါ စစ်သည်များ၏ စွမ်းဆောင်ချက်ကြောင့် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးခဲ့ကြောင်း စစ်မြေပြင် အတည်ပြုချက်ရရှိခဲ့သည်ဟုအသိ​ပေးထားသည်။

အလားတူ စက်တင်ဘာ ၂၀ရက်တောင်နီရွာအနီးတိုက်ပွဲ၌လည်း လက်ဖြောင့်စစ်သည်များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်မှ ၂ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကော်ဘရာစစ်ကြောင်းပါဝင်သည့်ပူးပေါင်းတပ်ဖွဲ့သည်ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများလည်းလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။