Connect with us

Hi, what are you looking for?

သတင်း

အန်တိုနီယာ၏ MMA ပြိုင်ပွဲဝင်လက်အိတ်ရောင်းချ၍ စစ်ဘေးရှောင်များအား လှူဒါန်းမည်

ကယန်းတိုင်းရင်းသူ အန်တိုနီယာသည် One Championship MMA ပြိုင်ပွဲ ငါးပွဲယှဥ်ပြိုင်ထားသူ ဖြစ်ပြီး သုံးပွဲနိုင် နှစ်ပွဲသရေ ရလဒ်ရရှိထားသည်။

ဓာတ်ပုံ - One Championship
ဓာတ်ပုံ - One Championship

One Championship MMA ကစားသမား အန်တိုနီယာသည် ကယားပြည်နယ်ရှိ စစ်ဘေးရှောင် လိုအပ်နေသူများအား လှူဒါန်းရန်အတွက် ၎င်း၏ ပြိုင်ပွဲဝင် လက်အိတ်ကို မဲဖောက်ရောင်းချသွားမည်ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာ ၂၄) တွင် လူမှုကွန်ရက်မှတဆင့် ‌ကြေညာသည်။

” ​ခုခေတ် ခက်ခဲနေတဲ့ ကာလမှာ လိုအပ်တဲ့သူတွေကို ကူညီဖို့အတွက် (အန်တိုနီယာ) တိုတို့ရဲ့ One championship ပြိုင်ပွဲတွေမှာ ယှဥ်​ပြိုင်ပြီး ရလာတဲ့ One Championship Glove တစ်စုံကို လက်မှတ်ရေးထိုးပြီး ကံစမ်းမဲ လက်မှတ်အနေနဲ့ ရောင်းချပေးချင်တယ်ရှင့်။ Lucky Draw တစ်စောင်ကို (၅၀၀၀)ကျပ်ဖြင့် ရောင်းချမှာဖြစ်ပြီး အောက်တိုဘာ ၅ ရက် မှာ Live လွင့်ပြီး မဲဖောက်ပေးပါမယ်ရှင့် “ဟု အန်တိုနီယာက ရေးသားထားသည်။

ဓာတ်ပုံ - One Championship
ဓာတ်ပုံ – One Championship

ရရှိသည့် အလှူငွေများအားလုံးကို ကယားပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး စသည့် လိုအပ်သော နေရာများတွင် ခွဲဝေပြီး လှူဒါန်းသွားမည်ဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန်လည်း အန်တိုနီယာက မေတ္တာရပ်ခံခဲ့သည်။

” Glove Size ကတော့ XS ဆိုပေမယ့် ကိုယ့်ရဲ့ အိမ်မှာ အမှတ်တရတစ်ခုအနေနဲ့ သိမ်းလို့ရပါတယ်ရှင့်။ တိုတိုတို့ကတော့ ဒီ Glove တစ်စုံရဖို့ ချွေး၊သွေး၊အသက်နဲ့ရင်းပြီး ခက်ခက်ခဲခဲယှဥ်ပြိုင်ပြီးမှ ရလာတာ ဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကယန်းတိုင်းရင်းသူ အန်တိုနီယာသည် One Championship MMA ပြိုင်ပွဲ ငါးပွဲယှဥ်ပြိုင်ထားသူ ဖြစ်ပြီး သုံးပွဲနိုင် နှစ်ပွဲသရေ ရလဒ်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်