Connect with us

Hi, what are you looking for?

သတင်း

ရဲဘော်တစ်ဦးကျဆုံးခဲ့သည့် မြောင်ဗိုလ်နေတိုးစခန်းစီးနင်းခံရမှုတွင် တိုက်ခိုက်ရေးသုံးပစ္စည်းများအပါ အဝင် ကျပ်သိန်း ၁၅၀ဖိုးခန့် ဆုံးရှုံး

စက်တင်ဘာ၂၂ ရက်နံနက် ၅ နာရီခန့်က မြောင် မြို့နယ်အ​ခြေစိုက်၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၃) ၏ အထိုင်စခန်းအား စစ်ကောင်စီတပ်က အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်း၂ကြောင်းဖြင့် ပိတ်ဆို့စီးနင်းခဲ့သည်။

စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့
စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့

ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခံရမှုတွင် တိုက်ခိုက် ရေးသုံးပစ္စည်းများအပါအဝင် ကျပ်သိန်း ၁၅၀ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ၂၂ ရက်နံနက် ၅ နာရီခန့်က မြောင် မြို့နယ်အ​ခြေစိုက်၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၃) ၏ အထိုင်စခန်းအား စစ်ကောင်စီတပ်က အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်း၂ကြောင်းဖြင့် ပိတ်ဆို့စီးနင်းခဲ့သည်။

စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့
စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့

ထိုသို့စီးနင်းတိုက်ခိုက်ရာတွင် ခုခံချိန်မရခြင်း၊လက်နက်အင်အား ပြည့်စုံမှုမရှိခြင်းတို့ကြောင့်စခန်းစီးနင်းခံရမှုတွင် မဟာမိတ်အဖွဲ့ဖြစ်သည့် ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့က ပြောသည်။

စခန်းအားဝင်ရောက်စီးနင်း ဖျက်ဆီးခံလိုက်ရပြီး အဆောင်များ၊မိုင်းများ၊မိုင်းဆက်စပ်ပစ္စည်းများ၊ထုတ်လုပ်ရေးဆက်စပ်ပစ္စည်းများ၊ငွေသားသိန်းနှစ်ဆယ်၊ ယမ်းများ၊ကျည်များနှင့်အဝတ်အစားများ စုစုပေါင်းကာလတန်ဖိုး သိန်းတစ်ရာ့ငါးဆယ်ကျော်ခန့် ဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တပ်ဖွဲ့အတွက် ရိက္ခါပစ္စည်းများပြန်လည်ဖြည့်တင်းရန် အကူအညီများစွာ လိုအပ်နေ၍ အာဏာရှင်မလိုလားသောပြည်သူများအနေဖြင့် ကူညီပေးကြပါရန်နှင့် အာဏာရှင်အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့က ကတိပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။