Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲဘော်တစ်ဦးကျဆုံးခဲ့သည့် မြောင်ဗိုလ်နေတိုးစခန်းစီးနင်းခံရမှုတွင် တိုက်ခိုက်ရေးသုံးပစ္စည်းများအပါ အဝင် ကျပ်သိန်း ၁၅၀ဖိုးခန့် ဆုံးရှုံး

စက်တင်ဘာ၂၂ ရက်နံနက် ၅ နာရီခန့်က မြောင် မြို့နယ်အ​ခြေစိုက်၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၃) ၏ အထိုင်စခန်းအား စစ်ကောင်စီတပ်က အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်း၂ကြောင်းဖြင့် ပိတ်ဆို့စီးနင်းခဲ့သည်။

စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့
စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့

ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခံရမှုတွင် တိုက်ခိုက် ရေးသုံးပစ္စည်းများအပါအဝင် ကျပ်သိန်း ၁၅၀ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ၂၂ ရက်နံနက် ၅ နာရီခန့်က မြောင် မြို့နယ်အ​ခြေစိုက်၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၃) ၏ အထိုင်စခန်းအား စစ်ကောင်စီတပ်က အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်း၂ကြောင်းဖြင့် ပိတ်ဆို့စီးနင်းခဲ့သည်။

စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့
စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့

ထိုသို့စီးနင်းတိုက်ခိုက်ရာတွင် ခုခံချိန်မရခြင်း၊လက်နက်အင်အား ပြည့်စုံမှုမရှိခြင်းတို့ကြောင့်စခန်းစီးနင်းခံရမှုတွင် မဟာမိတ်အဖွဲ့ဖြစ်သည့် ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့က ပြောသည်။

စခန်းအားဝင်ရောက်စီးနင်း ဖျက်ဆီးခံလိုက်ရပြီး အဆောင်များ၊မိုင်းများ၊မိုင်းဆက်စပ်ပစ္စည်းများ၊ထုတ်လုပ်ရေးဆက်စပ်ပစ္စည်းများ၊ငွေသားသိန်းနှစ်ဆယ်၊ ယမ်းများ၊ကျည်များနှင့်အဝတ်အစားများ စုစုပေါင်းကာလတန်ဖိုး သိန်းတစ်ရာ့ငါးဆယ်ကျော်ခန့် ဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တပ်ဖွဲ့အတွက် ရိက္ခါပစ္စည်းများပြန်လည်ဖြည့်တင်းရန် အကူအညီများစွာ လိုအပ်နေ၍ အာဏာရှင်မလိုလားသောပြည်သူများအနေဖြင့် ကူညီပေးကြပါရန်နှင့် အာဏာရှင်အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့က ကတိပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။