Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်အား PDFများတိုက်ခိုက်

ထိုတိုက်ခိုက်မှုအပြီးတွင် ဒဏ်ရာရတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ နေရာအနီးတွင် ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုနေသည်ကိုသိရှိရကြောင်း​ဖော်ပြထားသည်။

(မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာတွင် ဆေးကုသခဲ့သည်ကို တွေ့ရစဥ်။ ။ဓါတ်ပုံ-MSPDF)
(မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာတွင် ဆေးကုသခဲ့သည်ကို တွေ့ရစဥ်။ ။ဓါတ်ပုံ-MSPDF)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်ကို ကိုယ်တိုင်ထုတ်ရှေ့ထွက်ပြောင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)ကသတင်းထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာလ ၁၉ ရက်နေ့ )ည ၉ နာရီခန့်က မြောင်မြို့နယ်၊ကျောက်ရစ်စခန်းမှ ကင်းပက်ထွက်လာသော စစ်ကောင်စီတပ်သားများအားအသင့်ချထားသော MSPDFထုတ် ရှေ့ထွက်ပြောင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီးတွင် ဒဏ်ရာရတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ နေရာအနီးတွင် ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုနေသည်ကိုသိရှိရကြောင်း​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်အရေးပေါ်ကုသပေးနေသောနေရာအား နောက်ချန်တပ်ကူအင်အားဖြင့် ဝိုင်းဝန်းဖမ်းဆီးရန် သွားရောက်ခဲ့သော်လည်း သွားလာရေးယာဥ်အခက်အခဲဖြင့် နောက်ကျခဲ့ရသောကြောင့် စစ်ကောင်စီအုပ်စုဝင်များ လွတ်မြောက်သွားခဲ့ကြောင်း MSPDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုအား စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF နှင့်အတူ ဓာတ်ကြီးလေးပါ-Four Elementes၊ Natogyi Regional Defence Force-NRDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MSPDFအဖွဲ့ထံဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ယမန်နေ့နံနက်ပိုင်းကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။