Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် ဂိမ်းဆော့ပြန်လာသည့်လူငယ်များအား စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး၊ နှစ်ဦးဖမ်းဆီးခံရ

မန္တလေးတိုင်းရှိ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည်။

ဝမ်းတွင်းတွင် ဂိမ်းဆော့ပြန်လာသည့်လူငယ်များအား စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး၊ နှစ်ဦးဖမ်းဆီးခံရ
ဝမ်းတွင်းတွင် ဂိမ်းဆော့ပြန်လာသည့်လူငယ်များအား စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး၊ နှစ်ဦးဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဂိမ်းဆော့ပြီးပြန်လာသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂၇ ရက် ည၁၁နာရီ မိနစ် ၅၀ခန့်က ဝမ်းတွင်းမြို့တောင်ဘက်အထွက်၊ လျှော်ပင်ကျေးရွာမြောက်ဘက်၌ လူငယ်လေးဦးသည် တိမ်တောင်ဘုရား၌ ဂိမ်းဆေ့ာပြီးအပြန်တွင် စစ်ကောင်စီတပ်သားများလိုက်လံပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ နှစ်ဦးဖမ်းဆီးခံလိုက်ရပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း Voice Of Wundwin က ပြောသည်။

“ဆုံးပါးသွားတဲ့ လူငယ်လေးက ရွာသစ်ကျေးရွာကဖြစ်ပြီး အဖမ်းခံရတဲ့လူငယ်နှစ်ယောက်ကတော့ ဆေးရုံတင်ထားရတယ်လို့သိရတယ်။ ထိုလူငယ် နှစ်ယောက်ကတော့ တောင်ဇချမ်းကုန်းကျေးရွာက လို့သိရပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၉ ရက်) နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က တောင်ဇချမ်းကုန်းကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူအချို့အား ဖမ်းဆီးသွားကြောင်း၊ တမာကုန်းကျေးရွာတွင် ဂိတ်ချ၍ အစစ် ဆေးများကြမ်းနေပြီး ဝမ်းတွင်းမြို့နှင့် မိတ္ထီလာမြို့တွင်လည်း နေရာအနှံ့ လှည့်လည်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်းရှိ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook