Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းပစ်၍ ပြည်သူ နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

သေဆုံးခဲ့ရသူ နှစ်ဦးအမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၆နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟုဖော်ပြထားသည်။

စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️ဒေသခံပြည်သူ လေးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၉ရက် ညနေပိုင်းက ကျောက်ကြီးမြို့နယ်ရှိ ဘောကထာစစ်ကောင်စီတပ်စခန်းက ဘောကထာရွာအတွင်း RPG ဖြင့် ပစ်ခတ်၍ ပြည်သူလူထု ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

သေဆုံးခဲ့ရသူ နှစ်ဦးအမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၆နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟုဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ ထိုသို့ပစ်ခတ်မှုကြောင့် ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာနှင့် မဘီကျေးရွာမှ အိမ်ခြေ ၈ရာကျော်မှ လူဦးရေ လေးထောင်ကျော်တို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ(၃)တို့ စက်တင်ဘာ ၇ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တပ်မဟာ(၅)ဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စက်တင် ဘာ၂၉ရက်အထိ ရက်ရှည် တိုက်ပွဲဖြစ်ပွားနေကြောင်း ၊ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အဆိုပါဒေသတွင်းရှိ ပြည်သူလူထုများ၏ နေအိမ်များကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။