Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် စစ်အုပ်စုတပ်စွဲရာ ပလိုင်းရွာအုပ်ကြီးရုံးကို ဖောက်ခွဲတိုက်ခိုက်

ပလိုင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်း တပ်စွဲထားကာ အနီးဝန်းကျင်ရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SNAKE EYES PDF တပ်ဖွဲ့ဝင်အချို့၊ ဓာတ်ပုံ - SNAKE EYES PDF)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SNAKE EYES PDF တပ်ဖွဲ့ဝင်အချို့၊ ဓာတ်ပုံ - SNAKE EYES PDF)

စစ်ကိုင်းတိုင်း၊ ‌ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်စွဲရာ ပလိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်း မိုင်းထောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွှေဘိုမြို့နယ် အနောက်တောင်ဘက်ခြမ်းရှိ ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်သော ပလိုင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ မွန်းလွဲ ၂ နာရီခန့်က ပျူနှင့် စစ်ကောင်စီတပ်များကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အုပ်ချုပ်ရေးမှူးရုံးထဲကို မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။”ဟု SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နေ့လယ် ၃နာရီခန့်တွင် ပလိုင်းကျေးရွာမှ ထွက်လာသော ပျုနှင့် စစ်ကောင်စီတပ်များကို ကန်သာကျေးရွာ တံတားထိပ်အရောက်တွင် မိုင်းဖြင့်ထပ်မံတိုက်ခိုက်ရာ အဆိုပါအဖွဲ့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်မှုတွင် စစ်ကောင်စီခန့် ကန်သာရွာ အုပ်ချုပ်ရေးမှူးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးလည်း ဒဏ်ရာရရှိသွားကြောင်း SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အထိနာသွားသော စစ်အုပ်စုသည် ကန်သာကျေးရွာရှိ ဂေသခံပြည်သူများ၏ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ပလိုင်းကျေးရွာထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း SNAKE EYES PDF အဖွဲ့က အသိပေးသည်။

အဆိုပါစစ်ဆင်ရေးများကို SNAKE EYES (LPDF)၊ C & T SHWEBO (LPDF)၊ ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ MDF – Shwebo၊ ရွှေဘိုခရိုင်တပ်ရင်း (၅) တပ်ခွဲ(၃)နှင့် ရွှေဘိုမြို့နယ် တိုက်နယ် (၂) ပ.က.ဖ. အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ အထိ‌ခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SNAKE EYES PDF က ပြောသည်။

ပလိုင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်း တပ်စွဲထားကာ အနီးဝန်းကျင်ရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။