Connect with us

Hi, what are you looking for?

သတင်း

ဖိနှိပ် အနိုင်ကျင့်မှုများ အဆုံးသတ်ပစ်ရမည်ဟု KNLA ဒုစစ်ဦးစီးချုပ်ပြော

နိုင်ငံတော်ကြီး အပြည့်အ၀လွတ်လပ်ရေးရသည်အထိ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြရန် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲမှ ရဲဘော်ရဲဘက်​နှင့် ခေါင်းဆောင်များအား တိုက်တွန်းပြောကြားခဲ့သည်။

ဖိနှိပ် အနိုင်ကျင့်မှုများ အဆုံးသတ်ပစ်ရမည်ဟု KNLA ဒုစစ်ဦးစီးချုပ်ပြော
ဖိနှိပ် အနိုင်ကျင့်မှုများ အဆုံးသတ်ပစ်ရမည်ဟု KNLA ဒုစစ်ဦးစီးချုပ်ပြော

လူမျိုးကြီးဝါဒကြောင့်ဖြစ်စေ၊ စစ်အာဏာရှင်တို့ကြောင့်ဖြစ်စေ ခေတ်အဆက်ဆက်ခံစားလာခဲ့ရသော ဖိနှိပ်အနိုင်ကျင့်ခံခဲ့ရမှုများ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ ကျွန်ုပ်တို့ခေတ်တွင် အဆုံးသတ်ပစ်ရမည်ဟု ကော်သူးလေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ်က ပြောကြားသည်။

ယနေ့ အောက်တိုဘာ(၆)ရက်တွင် ကျရောက်သည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) တစ်နှစ်ပြည့်အခမ်းအနားသို့ KNLA ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲမှ သဝဏ်လွှာပေးပို့ခဲ့ပြီး ထိုသဝဏ်လွှာထဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်သူနှင့် ရင်ဆိုင်တိုက်ပွဲဆင်ရာတွင် ခက်ခဲဆင်းရဲမှုများ ကြုံတွေ့ရမည်မှာ မလွဲဧကန်ပင်ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုနှင့် လွမ်းမိုးချုပ်ကိုင်မှုတို့ကို ဖြိုဖျက်ပစ်ရန် ဇွဲနပဲရှိခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းရှိရမည်ဖြစ်သလို ဒေသခံလူမျိုးစုများနှင့် ပြည်သူအားလုံးအနေဖြင့် မိမိတို့အခွင့်အရေးအတွက် ပြန်လည်တိုက်ယူနေကြရတာကြောင့် အချင်းချင်းအပြန်အလှန်နားလည်မှုနှင့် လက်တွဲလုပ်ဆောင်မှုရှိကြရန်လည်း လိုအပ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲမှ ဆိုသည်။

ထို့အတူ ဒေသခံလူထုအားလုံးတို့၏ တန်းတူအခွင့်အရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်တို့ရှိလာစေရန် တော်လှန်နေရခြင်းဖြစ်ပြီး အားလုံးအခွင့်အရေးအတွက် တိုက်ယူရမည်ဖြစ်ကာ တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်များကို မမေ့အပ်ဟု KNLA ဒုစစ်ဦးစီးချုပ်မှ ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်ကြီး အပြည့်အ၀လွတ်လပ်ရေးရသည်အထိ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြရန် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲမှ ရဲဘော်ရဲဘက်​နှင့် ခေါင်းဆောင်များအား တိုက်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။