Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါနယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ ပြန်ဆောက်ပေးနေ

စစ်ကောင်စီတပ်သည် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ဒေသများကို မီးရှို့ဖျက်ဆီးနေသည်။ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

နေအိမ်ပြန်ဆောက်လုပ်ပေးရန် ပြင်ဆင်နေကြသော ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Daung Lay
နေအိမ်ပြန်ဆောက်လုပ်ပေးရန် ပြင်ဆင်နေကြသော ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Daung Lay

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ‌ဒေသခံများ၏ နေအိမ်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြန်လည်ဆောက်လုပ်ပေးနေသည်။

“နေစရာမရှိတော့တဲ့ ပြည်သူတွေကို နေလို့ရရုံ အိမ်လေးတွေ ဆောက်ပေး‌နေပါတယ်။ ရဲဘော်တွေ အားလုံး ဝိုင်းကူနေကြတာ”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်မဟာ(၇)မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဖျက်ဆီးခဲ့သော ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာအချို့မှ နေအိမ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ယခု သတင်းကျွတ်ကာလအတွင်း လိုက်လံပြင်ဆင်တည်ဆောက်ပေးနေခြင်း ဖြစ်သည်။

” ဒီရက်ပိုင်း စစ်‌ခွေးတွေ အလှုပ်အရှားမရှိသလောက်ပဲ။ ဒါကြောင့် ပြည်သူတွေအတွက် တတ်နိုင်တာလုပ်ပေးနေကြတာ”ဟု ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ဒေသများကို မီးရှို့ဖျက်ဆီးနေသည်။ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ၁နှစ်နှင့် ၆လအတွင်း ပြည်သူများ၏နေအိမ် ၂သောင်းကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးအင်အားအစုအဖွဲ့ဖြစ်သော Data For Myanmarက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။