Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါနယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ ပြန်ဆောက်ပေးနေ

စစ်ကောင်စီတပ်သည် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ဒေသများကို မီးရှို့ဖျက်ဆီးနေသည်။ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

နေအိမ်ပြန်ဆောက်လုပ်ပေးရန် ပြင်ဆင်နေကြသော ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Daung Lay
နေအိမ်ပြန်ဆောက်လုပ်ပေးရန် ပြင်ဆင်နေကြသော ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Daung Lay

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ‌ဒေသခံများ၏ နေအိမ်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြန်လည်ဆောက်လုပ်ပေးနေသည်။

“နေစရာမရှိတော့တဲ့ ပြည်သူတွေကို နေလို့ရရုံ အိမ်လေးတွေ ဆောက်ပေး‌နေပါတယ်။ ရဲဘော်တွေ အားလုံး ဝိုင်းကူနေကြတာ”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်မဟာ(၇)မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဖျက်ဆီးခဲ့သော ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာအချို့မှ နေအိမ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ယခု သတင်းကျွတ်ကာလအတွင်း လိုက်လံပြင်ဆင်တည်ဆောက်ပေးနေခြင်း ဖြစ်သည်။

” ဒီရက်ပိုင်း စစ်‌ခွေးတွေ အလှုပ်အရှားမရှိသလောက်ပဲ။ ဒါကြောင့် ပြည်သူတွေအတွက် တတ်နိုင်တာလုပ်ပေးနေကြတာ”ဟု ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ဒေသများကို မီးရှို့ဖျက်ဆီးနေသည်။ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ၁နှစ်နှင့် ၆လအတွင်း ပြည်သူများ၏နေအိမ် ၂သောင်းကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးအင်အားအစုအဖွဲ့ဖြစ်သော Data For Myanmarက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။