Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေ၌ စက်တင်ဘာအတွင်း တိုက်ပွဲ ၃၀၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ် ၃၆၀ဦးသေဟု ထုတ်ပြန်

ဖာပွန်ခရိုင်တွင်လည်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများကို တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွင် စက်တင်ဘာလအတွင်းက တိုက်ပွဲ ၃၃၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၆၀ဦး သေဆုံးကာ ၂၆၄ဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF) တို့ အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ တိုက်ပွဲများတွင် KNLA/KNDO တပ်ဖွဲ့မှ ၇ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၇ဦး ရှိသည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ပြည်သူလူထုများ နေထိုင်ရာသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း တို့ကြောင့် ဒေသခံပြည်သူ ၆ဦးအသက်ဆုံးရှုံးကာ ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

KNUတွင် ခရိုင်နှင့် တပ်မဟာ(၇)ခု ရှိသည့်အနက် KNU တပ်မဟာ(၁)သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင် နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင် နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများပြားခဲ့သည်။

ဒူးပလာယာခရိုင် မြ၀တီ – ဝေါ်လေလမ်းတွင် KNLA တပ်ရင်း(၂၇) ကော်ဘရာ စစ်ကြောင်း ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်လျက်ရှိရာ ပူးပေါင်းတပ်ဖွဲ့ဘက်က ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ဖာပွန်ခရိုင်တွင်လည်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများကို တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင်လည်း တပ်မဟာ(၅)ဘက်မှ ပြန်လာပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNU လက်အောက်ခံ တပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။

သထုံခရိုင် တပ်မဟာ(၁) နယ်မြေတွင် စစ်ကောင်စီယာဉ်တန်းများ၊ စစ်ကြောင်းများကို KNLAနှင့် ဒေသတွင်း တော်လှန်ရေးတပ် ပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။