Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ် ခေါ်ဇာ၌ မွန်တပ်MSDFနှင့် စစ်ကောင်စီတပ် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးရှိ

ယနေ့ (ဩဂုတ် ၃ရက်) ညနေပိုင်း၌ MSDF-S စစ်ကြောင်းနှင့် စစ်ကောင်စီ၏ ခလရ (၃၁)တပ်တို့ နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)
(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)

မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့သည်ဟု မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်း(MSDF-S)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၃ရက်) ညနေပိုင်း၌ MSDF-S စစ်ကြောင်းနှင့် စစ်ကောင်စီ၏ ခလရ (၃၁)တပ်တို့ နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)
(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ – MSDF)

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးပြီး MSDF-S ဘက်က ရဲဘော် နှစ်ဦးကျ ဆုံးခဲ့ကြောင်း အသိပေးထားသည်။ အင်အားမမျှ၍ ကာကွယ်ရေး ရဲဘော်များ လုံခြုံရာသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

MSDFသည် စက်တင်ဘာလဆန်းပိုင်းက ခေါဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရဲစခန်းကို တိုက်ခိုက်သည့် စစ်ဆင်ရေးသည် MSDF၏ ပထမဆုံး စစ်ဆင်ရေးဖြစ်ပြီး ယခုတွင်လည်း စစ်ကောင်စီတပ်နှင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

MSDFကို စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင်မည်ဟု သံဓိဌာန်ချထားသည့် မွန်လူမျိုးများနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး MSDF ကိုမေးမြန်းရန်ဆက် သွယ်ရာ ဆက်သွယ်၍ မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။