Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ် ခေါ်ဇာ၌ မွန်တပ်MSDFနှင့် စစ်ကောင်စီတပ် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးရှိ

ယနေ့ (ဩဂုတ် ၃ရက်) ညနေပိုင်း၌ MSDF-S စစ်ကြောင်းနှင့် စစ်ကောင်စီ၏ ခလရ (၃၁)တပ်တို့ နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)
(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)

မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့သည်ဟု မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်း(MSDF-S)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၃ရက်) ညနေပိုင်း၌ MSDF-S စစ်ကြောင်းနှင့် စစ်ကောင်စီ၏ ခလရ (၃၁)တပ်တို့ နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)
(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ – MSDF)

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးပြီး MSDF-S ဘက်က ရဲဘော် နှစ်ဦးကျ ဆုံးခဲ့ကြောင်း အသိပေးထားသည်။ အင်အားမမျှ၍ ကာကွယ်ရေး ရဲဘော်များ လုံခြုံရာသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

MSDFသည် စက်တင်ဘာလဆန်းပိုင်းက ခေါဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရဲစခန်းကို တိုက်ခိုက်သည့် စစ်ဆင်ရေးသည် MSDF၏ ပထမဆုံး စစ်ဆင်ရေးဖြစ်ပြီး ယခုတွင်လည်း စစ်ကောင်စီတပ်နှင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

MSDFကို စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင်မည်ဟု သံဓိဌာန်ချထားသည့် မွန်လူမျိုးများနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး MSDF ကိုမေးမြန်းရန်ဆက် သွယ်ရာ ဆက်သွယ်၍ မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။