Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားငွေရဖို့ နှစ်လယ် ကျောက်မျက်ပြပွဲ နေပြည်တော်မှာ လုပ်ဖို့စစ်ကောင်စီ စီစဉ်

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံခြားဝင်ငွေ ရလမ်းတစ်ခုဖြစ်တဲ့ကျောက်မျက် ပြပွဲတွေကို နေပြည်တော်မှာ ကျင်းပတာရှိခဲ့ပါတယ်။

နိုင်ငံခြားငွေရဖို့ နှစ်လယ် ကျောက်မျက်ပြပွဲ နေပြည်တော်မှာ လုပ်ဖို့စစ်ကောင်စီ စီစဉ်
နိုင်ငံခြားငွေရဖို့ နှစ်လယ် ကျောက်မျက်ပြပွဲ နေပြည်တော်မှာ လုပ်ဖို့စစ်ကောင်စီ စီစဉ်

ဝင်ငွေရပေါက်ရလမ်းတစ်ခုဖြစ်တဲ့ ကျောက်မျက်ရတနာပြပွဲကို အခုလ လယ်ပိုင်း နေပြည်တော်မှာ စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေပါတယ်။

ဒီနှစ်ရဲ့နှစ်လယ်ကျောက်မျက်ပြပွဲအဖြစ် အောက်တိုဘာလ ၁၉ ရက်ကနေ အောက်တိုဘာလ ၂၅ ရက်အထိ တပတ်ကြာ ကျင်းပမယ်လို့သိရပါတယ်။

အဲဒီကျောက်မျက်ပြပွဲမှာပုလဲ ၊ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်း တွေရောင်းချမှာဖြစ်ပြီး ယူရိုငွေ ၊ဒေါ်လာ ၊ ယွမ် ၊ဘတ်ငွေတို့နဲ့ပေးချေနိုင်မှာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လုပ်တဲ့ကျောက်မျက်ပြပွဲတွေမှာ ဝယ်ယူပြီးနောက် ငွေအကြေမပေးတဲ့ ကျောက်မျက်ကုန်သည်တွေရှိခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဒီတခေါက် ကျောက်မျက်ပြပွဲမှာ ဝယ်ယူတဲ့ကုန်သည်တွေဟာ တန်ဖိုးကို သတ်မှတ်ရက်အတွင်းပေးချေရမယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံခြားဝင်ငွေ ရလမ်းတစ်ခုဖြစ်တဲ့ကျောက်မျက် ပြပွဲတွေကို နေပြည်တော်မှာ ကျင်းပတာရှိခဲ့ပါတယ်။

ဒါပေမယ့်စစ်ကောင်စီရဲ့ကျောက်မျက်ပြပွဲတွေဟာ သပိတ်မှောက်ခံရတာကြောင့် ထင်သလောက်မအောင်မြင်ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။