Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှနယ် ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၆) ရွှေဘို Taze Revolution Force-TRFနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင် တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် နေစဥ်၊ဓာတ်ပုံ-TRF
ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် နေစဥ်၊ဓာတ်ပုံ-TRF

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Taze Revolution Force-TRF က ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၉ရက်) နံနက် ၁၁နာရီခန့်က ရွှေဘိုနှင့်ကန့်ဘလူ ဒေသကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲကင်းစခန်းကို ဒရုန်းဖြင့် (၄၀)မမ ဗုံးသီးတစ်လုံး၊ လက်လုပ်ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Taze Revolution Force-TRF က ပြောသည်။

“ ပျူစောထီးနှင့်စစ်​ွေးများနားနေသော သစ်ပင်ရိပ်အောက် တည့်တည့်ကျသွားပြီး သေနတ်များလည်း ရမ်းသမ်းပစ်ခတ်နေပါတယ်။ထိခိုက်မှုတိတိကျကျမသိရသေးပါ။” ဟု Taze Revolution Force-TRF က အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၆) ရွှေဘို Taze Revolution Force-TRFနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင် တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ TRFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

TRFအဖွဲ့သည် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းကလည်း တန့်ဆည်မြို့နယ်၊ မူးတိန်ကျေးရွာတွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် (၄၀)မမ ဗုံးသီးချကာ တိုက်ခိုက်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့ ပိုထိရောက်တဲ့ Fixed Wing ဒရုန်းတွေ အဆင်သင့်ဖြစ်နေပြီလို့ အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

မသင်္ကာစရာ ဒရုန်းတချို့ကို အနီးတဝိုက်မှာ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကို ယာယီ ပိတ်ခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ အကြီးမားဆုံး စစ်စခန်း အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေ တဝိုက်မှာ ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဒရုန်းတွေကို တွေ့နေရခြင်းက ဒိန်းမတ်အတွက် အကြီးအကျယ် ခေါင်းခြောက်စရာ ဖြစ်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ ကို စစ်​ကောင်စီက ဒီက​နေ့ မနက်မှာ ဗုံးကြဲတာ​ကြောင့်အသက်၂၀ ကျော်အရွယ်အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ မြိုနယ်၊ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ပြောပါတယ်။