Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှနယ် ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၆) ရွှေဘို Taze Revolution Force-TRFနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင် တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် နေစဥ်၊ဓာတ်ပုံ-TRF
ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် နေစဥ်၊ဓာတ်ပုံ-TRF

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Taze Revolution Force-TRF က ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၉ရက်) နံနက် ၁၁နာရီခန့်က ရွှေဘိုနှင့်ကန့်ဘလူ ဒေသကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲကင်းစခန်းကို ဒရုန်းဖြင့် (၄၀)မမ ဗုံးသီးတစ်လုံး၊ လက်လုပ်ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Taze Revolution Force-TRF က ပြောသည်။

“ပျူစောထီးနှင့်စစ်​ွေးများနားနေသော သစ်ပင်ရိပ်အောက် တည့်တည့်ကျသွားပြီး သေနတ်များလည်း ရမ်းသမ်းပစ်ခတ်နေပါတယ်။ထိခိုက်မှုတိတိကျကျမသိရသေးပါ။”ဟု Taze Revolution Force-TRF က အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၆) ရွှေဘို Taze Revolution Force-TRFနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင် တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ TRFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

TRFအဖွဲ့သည် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းကလည်း တန့်ဆည်မြို့နယ်၊ မူးတိန်ကျေးရွာတွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် (၄၀)မမ ဗုံးသီးချကာ တိုက်ခိုက်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။