Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီတပ်သားနှင့်ပျူ နှစ်ဦးအား ပစ်ခတ် တိုက်ခိုက်

လက်ဖက်ရည်ဆိုင်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား အသုံးပြုခဲ့သည်။

အသုံးပြုခဲ့သော ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား စစ်ဆင်ရေးမသွားမီတွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf PDF-MDY
အသုံးပြုခဲ့သော ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား စစ်ဆင်ရေးမသွားမီတွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf PDF-MDY

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် လက်ဖက်ရည် ထိုင်သောက်နေသော စစ်ကောင်စီတပ်ဖွဲဲ့ဝင်နှင့်ပျူစောထီး နှစ်ဦးအား အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF-MDY ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၁ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က ရေစကြိုမြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ စစ်ကောင်စီတပ်နှင့်ပျူများ ထိုင်နေကျ နေရှင်နယ်လက်ဖက်ရည်ဆိုင်အတွင်း၌ ရောက်ရှိနေသော စစ်ကောင်စီတပ်သားနှင့်ပျူ နှစ်ဦးအား မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Wolf PDF-MDY၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။

လက်ဖက်ရည်ဆိုင်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား အသုံးပြုခဲ့သည်။

Public Service Announcement
Public Service Announcement

ပစ္စတိုနှင့်ပစ်ခတ်စဥ် ပျူ တစ်ဦးလက်မောင်းထိမှန် လှဲကျစဥ်တွင် လျက်ဆားပုလင်းမိုင်းတစ်လုံး ထပ်မံပစ်သွင်းခဲ့ကြောင်း၊ နေရာတွင်ပင် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Black Wolf PDF-MDY ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်သားနှင့်ပျူ နှစ်ဦးသည် လျက်ဆားပုလင်းမိုင်းကြောင့်လှဲကျကာ ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုမှုခံယူနေသည်ဟု ဗိုလ်သမိုင်းက ဆိုသည်။

“မနေ့က စစ်ဆင်ရေးက ​ွေးတွေ တော်တော် ထိထားတယ်။ မှတ်တမ်းရုပ်သံ ရိုက်ချိန်မရခဲ့ဘူး။ ရသလို ရရင်ရသလို လုပ်ခဲ့ရတော့ ပြင်ဆင်ချိန်မရှိလိုက်ဘူး။ မနေ့ကဟာက တော်တော်လေး အားရတယ်။သူတို့ ပစ်ချိန် မရခဲ့ဘူး။လက်ဖက်ရည် ထိုင်သောက်နေကြတာဆိုတော့လေ။ ပထမ တစ်ချက် ပစ်ပြီးပြီးချင်း လျက်ဆားပုလင်း ပစ်ထည့်လိုက်တာ ကြားထဲကို ၅စက္ကန့်အတွင်း ပေါက်ကွဲတာဆိုတော့ အဲ့ကောင်တွေ အတုန်းအရုန်းလဲတာပါပဲ။”ဟု ဗိုလ်သမိုင်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား MDY-PDF (မန္တလေးခရိုင် တပ်ရင်း-၃)၊ ဒေါင်းညီနောင် (MDYတပ်ရင်း -၃/တပ်ခွဲ-၃)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့( ပခုက္ကူ ခရိုင်တပ်ရင်း-၁၀/ တပ်ခွဲ- ၃)စသည့်မဟာမိတ်ညီနောင်အဖွဲ့များက မြို့ပြပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

Black Wolf PDF-MDYနှင့် မဟာမိတ်အဖွဲ့များသည် အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီ၏ရုံးပေါင်းစုံရှေ့၌ ကင်းစောင့်နေသော စစ်တပ်နှင့်ပျူများအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။