Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်နှင့် မီးဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ခဲ့ဟု ဂန့်ဂေါ(ပအဖ) အသိပေး

မီးဘေးသင့်ပြည်သူများအတွက် မီးဘေးသင့်ပြည်သူ တစ်ဦးလျှင် ၈,၅၀၀ကျပ် နှင့် တစ်အိမ် ထောင်လျင် ဆန်တစ်တင်းနှုန်း ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - ဂန့်ဂေါ(ပအဖ)
ဓာတ်ပုံ - ဂန့်ဂေါ(ပအဖ)

▪️ကူညီထောက်ပံ့ရန် ကျန်နေသေး၍ ပြည်သူ များ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် မီးဘေးသင့် ပြည်သူများကို ငွေကြေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မြို့နယ်(ပအဖ)သည် ဂန့်ဂေါမြို့နယ်အတွင်း စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်တွင်းရှိ လာပို့ရွာ၊ ရွာစည်ရွာ၊ ရွှေတောင်ရွာ

မီးဘေးသင့်ပြည်သူများအတွက် မီးဘေးသင့်ပြည်သူ တစ်ဦးလျှင် ၈,၅၀၀ကျပ် နှင့် တစ်အိမ် ထောင်လျင် ဆန်တစ်တင်းနှုန်း ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြင်းဇာကျေးရွာ မီးဘေးသင့်အိမ်‌ခြေ ၁၈ အိမ်အတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်တင်းနှုန်း ထောက်ပံ့ခဲ့ပြီး ကျပ် ၁၀သိန်းတန်ဖိုးရှိပစ္စည်းများကို ဖြန့်ဝေ ထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကူညီထောက်ပံ့ရန်ကျန်ရှိနေသော စစ်ဘေးရှောင် နှင့် မီးဘေးသင့် ပြည်သူများအတွက်လည်း ဆက်လက်ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိပြီးပြည်တွင်း၊ပြည်ပ အလှူရှင်များအနေဖြင့် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင်ကူညီပေးကြပါရန် တိုက်တွန်းနှိုး ဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။