Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်နှင့် မီးဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ခဲ့ဟု ဂန့်ဂေါ(ပအဖ) အသိပေး

မီးဘေးသင့်ပြည်သူများအတွက် မီးဘေးသင့်ပြည်သူ တစ်ဦးလျှင် ၈,၅၀၀ကျပ် နှင့် တစ်အိမ် ထောင်လျင် ဆန်တစ်တင်းနှုန်း ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - ဂန့်ဂေါ(ပအဖ)
ဓာတ်ပုံ - ဂန့်ဂေါ(ပအဖ)

▪️ကူညီထောက်ပံ့ရန် ကျန်နေသေး၍ ပြည်သူ များ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် မီးဘေးသင့် ပြည်သူများကို ငွေကြေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မြို့နယ်(ပအဖ)သည် ဂန့်ဂေါမြို့နယ်အတွင်း စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်တွင်းရှိ လာပို့ရွာ၊ ရွာစည်ရွာ၊ ရွှေတောင်ရွာ

မီးဘေးသင့်ပြည်သူများအတွက် မီးဘေးသင့်ပြည်သူ တစ်ဦးလျှင် ၈,၅၀၀ကျပ် နှင့် တစ်အိမ် ထောင်လျင် ဆန်တစ်တင်းနှုန်း ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြင်းဇာကျေးရွာ မီးဘေးသင့်အိမ်‌ခြေ ၁၈ အိမ်အတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်တင်းနှုန်း ထောက်ပံ့ခဲ့ပြီး ကျပ် ၁၀သိန်းတန်ဖိုးရှိပစ္စည်းများကို ဖြန့်ဝေ ထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကူညီထောက်ပံ့ရန်ကျန်ရှိနေသော စစ်ဘေးရှောင် နှင့် မီးဘေးသင့် ပြည်သူများအတွက်လည်း ဆက်လက်ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိပြီးပြည်တွင်း၊ပြည်ပ အလှူရှင်များအနေဖြင့် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင်ကူညီပေးကြပါရန် တိုက်တွန်းနှိုး ဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နာဂဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းနေပြီး အိန္ဒိယနိုင်ငံ-မဏိပူရ်ပြည်နယ်နှင့် နာဂဒေသဆက်သွယ်ရေးလမ်းပိုင်းပြတ်တောက်ကာ စားနပ်ရိက္ခာအခက်ခဲရင်ဆိုင်နေရ​ကြောင်းဒေသခံများကပြောသည်။

သတင်း

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ စစ်ရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက သတင်းထုတ်ပြန်သည်။

သတင်း

ဖားကန့်မြို့နယ်၊ လုံးခင်းဒေသသို့ ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊PDF ပူးပေါင်းတပ်သည် ယနေ့(မေလ ၂၈ရက်) နံနက် ၈နာရီ၁၀မိနစ်ခန့်မှစ၍ ​နေရာ သုံးနေရာထက်မနည်း၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည်။

သတင်း

စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲအကြမ်းဖက်မှု​ကြောင့် ထိခိုက်နစ်နာခဲ့ရသော သပိတ်ကျင်းမြို့နယ် ​ရေထွက်​ကျေးရွာနှင့် လိပ်ကျကျေးရွာတို့ရှိ အိမ်ထောင်စုများအားပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေးPDF)က ဧပြီလ(၂၇)ရက်နေ့တွင်တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။