Connect with us

Hi, what are you looking for?

သတင်း

မုံရွာရဲတပ်ရင်းမှ ရဲတပ်သားနှစ်ဦး လက်နက်အပြည့် အစုံဖြင့် CDM ပြုလုပ်၊ PDF ထဲဝင်ပြီး စစ်ကောင်စီကို ပြန်တိုက်နေ

စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြရာ ယခုနှစ် နှစ်လယ်ပိုင်းအထိ CDM ရဲဝန်ထမ်း ၃,၀၀၀နီးပါးရှိကြောင်း NUGက အသိပေးထားသည်။

(CDM ရဲတပ်သားနှစ်ဦးအား ဂုဏ်ပြုဆုငွေ ချီးမြှင့်နေစဥ်၊ ဓာတ်ပုံ-PDA)
(CDM ရဲတပ်သားနှစ်ဦးအား ဂုဏ်ပြုဆုငွေ ချီးမြှင့်နေစဥ်၊ ဓာတ်ပုံ-PDA)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် People’s Defence Army-Yinmarbinအဖွဲ့သို့ မုံရွာ ရဲတပ်ရင်းမှ ရဲတပ်သားနှစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ဝင်ရောက်လာခဲ့ရာ ကျပ်သိန်း၅ဝ စီချီးမြှင့်ခဲ့ကြောင်း PDA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

People’s Defence Army-Yinmarbin အဖွဲ့သို့ မုံရွာ ရဲတပ်ရင်း(၂၈)မှ CDM ရဲတပ်သား ကိုအောင်ကိုကိုနှင့် ကိုမိုးလင်းအောင်တို့နှစ်ဦးသည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် CDM ဝင်ရောက်လာခဲ့ရာ(PDA)အဖွဲ့အစည်းခေါင်းဆောင်ကိုယ်တိုင် တစ်ဦးလျှင် ကျပ်သိန်း၅၀စီ ဆုချီးမြင့်ခဲ့ခြင်းဖြစ် ကြောင်း PDA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(CDM ရဲတပ်သားနှစ်ဦးအား ဂုဏ်ပြုဆုငွေ ချီးမြှင့်နေစဥ်၊ ဓာတ်ပုံ-PDA)
(CDM ရဲတပ်သားနှစ်ဦးအား ဂုဏ်ပြုဆုငွေ ချီးမြှင့်နေစဥ်၊ ဓာတ်ပုံ-PDA)

CDM ဝင်ရောက်လာသူ ရဲတပ်သားနှစ်ဦးသည် နှစ်ဦးလုံး ၂၀ကျော်ဝန်းကျင်အရွယ်များဖြစ်ပြီး အခက်အခဲများဖြင့် ခေါ်ဆောင်ခဲ့ရကြောင်း၊ ပြည်သူအားလက်နက်အားကိုးဖြင့် သတ်ဖြတ်နေသည်ကို လက်မခံနိုင်၍ နှစ်ဦးလုံး CDMဝင်ရောက်ချင်သည်မှာကြာပြီဖြစ်ပြီး အခွင့်မသာ၍ ကြန့်ကြာနေခြင်းဖြစ်ကြောင်း PDA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

PDA ပြန်ကြားရေးတာဝန်ခံက “နှစ်ဦးလုံး တော်လှန် ရေးမှာ ပါဝင်နေကြပါတယ်ဗျ။ ခုဆို သူတို့ဝင်ရောက်ခဲ့စဉ်အတွင်းမှ ယနေ့အချိန်ထိ ၃ပွဲမစ်ရှင်ထွက်ခဲ့ပြီးပါပြီ။ သူတို့ ဝင်ရောက်လာတာတစ်လ ကျော်ပါပြီဗျ။ သူတို့ စရောက်တဲ့ နေ့ကတည်းက သူတို့ကိုကြိဆိုပွဲလုပ်ပေးတယ်။ ပြီးတော့ စောင့်ကြည့်အနေထားနဲ့တစ်လပေါ့ စောင့်ကြည့်ခဲ့တယ်။ ခုစိတ်ချရမှ ဂုဏ်ပြုပွဲလုပ်ပေးခြင်းဖြစ်ပါတယ်။”ဟု ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြရာ ယခုနှစ် နှစ်လယ်ပိုင်းအထိ CDM ရဲဝန်ထမ်း ၃,၀၀၀နီးပါးရှိကြောင်း NUGက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook