Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်ပြေးနေရ

စစ်ကောင်စီတပ်သည် ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းတွင် ပိတောက်ခြုံရွာမှ ထွက်ခွာသွားပြီး ရေချိုအိုင်၊ မင်းကုန်းရွာများဘက်ရောက် ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပိတောက်ချုံကျေးရွာမှ ပျက်စီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ-Cj
ပိတောက်ချုံကျေးရွာမှ ပျက်စီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြားရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိ ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၁၃ ရက်က ဝက်လက်မြို့နယ်အရှေ့ခြမ်း ထုံးကြီးရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း မော်တော်နှစ်စီးဖြင့် စုန်ဆင်းလာပြီး ရှိမ်းမကားရဲစခန်းသို့ ဝင်ရောက်လာခဲ့သည်။

ထို့နောက် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) နံနက်ပိုင်းတွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူ များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အနီးနားရှိ ကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း၊ ညနေပိုင်းတွင် ဆင်နင်းကျေးရွာနှင့် ပိတောက်ချုံ ကျေးရွာသို့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ချုံကျေးရွာရှိ နေအိမ် ငါးလုံးနှင့်တောထဲ တဲတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ပိတောက်ချုံရွာမှာ အခုမီးရှို့ခံလိုက်ရတဲ့ အိမ်တွေက ဘယ်လိုမှပြန်မဆောက်နိုင်တော့တဲ့ အိမ်အကောင်းတွေချည့်ပဲ အရှို့ခံလိုက်ရတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းတွင် ပိတောက်ခြုံရွာမှ ထွက်ခွာသွားပြီး ရေချိုအိုင်၊ မင်းကုန်းရွာများဘက်ရောက် ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ရက်က ဝက်လက်နယ်အရှေ့ခြမ်းအား စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ရဲဘော် ရှစ်ဦးထက်မနည်းသေဆုံးပြီး ပြည်သူအချို့လည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။