Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်ပြေးနေရ

စစ်ကောင်စီတပ်သည် ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းတွင် ပိတောက်ခြုံရွာမှ ထွက်ခွာသွားပြီး ရေချိုအိုင်၊ မင်းကုန်းရွာများဘက်ရောက် ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပိတောက်ချုံကျေးရွာမှ ပျက်စီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ-Cj
ပိတောက်ချုံကျေးရွာမှ ပျက်စီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြားရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိ ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၁၃ ရက်က ဝက်လက်မြို့နယ်အရှေ့ခြမ်း ထုံးကြီးရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း မော်တော်နှစ်စီးဖြင့် စုန်ဆင်းလာပြီး ရှိမ်းမကားရဲစခန်းသို့ ဝင်ရောက်လာခဲ့သည်။

ထို့နောက် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) နံနက်ပိုင်းတွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူ များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အနီးနားရှိ ကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း၊ ညနေပိုင်းတွင် ဆင်နင်းကျေးရွာနှင့် ပိတောက်ချုံ ကျေးရွာသို့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ချုံကျေးရွာရှိ နေအိမ် ငါးလုံးနှင့်တောထဲ တဲတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ပိတောက်ချုံရွာမှာ အခုမီးရှို့ခံလိုက်ရတဲ့ အိမ်တွေက ဘယ်လိုမှပြန်မဆောက်နိုင်တော့တဲ့ အိမ်အကောင်းတွေချည့်ပဲ အရှို့ခံလိုက်ရတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းတွင် ပိတောက်ခြုံရွာမှ ထွက်ခွာသွားပြီး ရေချိုအိုင်၊ မင်းကုန်းရွာများဘက်ရောက် ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ရက်က ဝက်လက်နယ်အရှေ့ခြမ်းအား စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ရဲဘော် ရှစ်ဦးထက်မနည်းသေဆုံးပြီး ပြည်သူအချို့လည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook