Connect with us

Hi, what are you looking for?

သတင်း

ရိက္ခာပို့ယာဥ်သွားကြိုသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) ည၇နာရီ၁၅မိနစ်ခန့်က ခင်ဦးမြို့နယ် သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာကြားရှိ မူးတိမ်ချောင်းစခန်းမှ သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့သည်။

(ခင်ဦးအခြေစိုက် KSO အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ - KSO)
(ခင်ဦးအခြေစိုက် KSO အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ - KSO)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လက်နက်နှင့်ရိက္ခာပို့ဆောင်သည့် ယာဥ် သွားကြိုသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၎င်းတို့ရမ်းသမ်းပစ်၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (အောက်တိုဘာ၁၇ ရက်) နံနက် ၉ နာရီ ၃၃မိနစ်ခန့်က ရေဦးမြို့မှ မိုးကာအုပ်စစ်ကောင်စီ ယာဥ်တစ်စီးသည် ရေဦး – ခင်ဦးနယ်စပ် မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများထံ လက်နက်နှင့် စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်ခဲ့သည်။

ခင်ဦးမြို့နယ် ရွာသစ်ကုန်းနှင့် မူးတိမ်ချောင်းတံတားမှ စစ်ကောင်စီတပ်များသည် လမ်းပိုင်းလုံခြုံရေးအတွက် အင်းပတ်ကွေ့၊ သရက်ပင်စု၊ မြင်းဒေါင်းကျေးရွာ လမ်းပိုင်းတစ်လျှောက်ထွက်လာရာ လမ်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသေအပျောက်မသိရသေးကြောင်း၊ စစ်ကောင်စီတပ်နှင့်ပျူများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သရက်ပင်စု ကျေးရွာမှ အသက်၅၀ကျော် အရွယ် အမျိုးသမီး တစ်ဦး လက်နက်ငယ်ထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်းက စခနဲ့ပျူတွေ သရက်ပင်စုရွာအနီးမှာ (၄၀)မမတွေ ပစ်ခတ်ပြီး မြင်းဒေါင်းဘက် ဦးတည်ထွ​က်လာတာ မိုင်းဆွဲခံရတယ်။ သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ဖောက်နေတယ်။”ဟု Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) ည၇နာရီ၁၅မိနစ်ခန့်က ခင်ဦးမြို့နယ် သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာကြားရှိ မူးတိမ်ချောင်းစခန်းမှ သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့သည်။

ယနေ့တွင် ရေဦးတိုင်းရင်းဆေးရုံမှ စစ်ကောင်စီတပ်များနှင့် ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ အရှေ့ဘက် မူးတိမ်ချောင်းမှတပ်များ တပ်ချိန်းရန်ပြင်ဆင်နေသောကြောင့် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနိုင်ဖွယ်ရှိနေ၍ ပြည်သူများဂရုစိုက်ကြရန် HERO ARMY- KHIN U အဖွဲ့က သတိပေးထားသည်။

အောက်တိုဘာ ၁၄ရက် နံနက်ပိုင်းက ခင်ဦးမြို့ပေါ်၌ ဒေသကာကွယ်ရေး မဟာမိတ် ဒရုန်းအဖွဲ့ (၈)ဖွဲ့သည် တိုက်ခိုက်ရေး ဒရုန်း သုံးစီးအသုံးပြုကာ ဗုံးသီး(အီနာဂါ) ခြောက်လုံးဖြင့် မြို့ထိပ်မူးဘောင်စစ်ဆေးရေးဂိတ်၊ မြို့နယ်မှူးရုံးနှင့် မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အနီး ကင်းပုန်းများ စသည့် နေရာ သုံးနေရာရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့သေးသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က PDFဝတ်စုံပုံစံဖြင့်သွားလာကာ ပြည်သူများအားဖမ်းဆီးမှုများလည်းရှိနေ၍ ရေဦး-ခင်ဦး လမ်းပိုင်း၊ ရေဦး-ညောင်ပင်သာ-ရွှေဘို လမ်းပိုင်းများကိုပါ ဒေသကာကွယ်ရေးအဖွဲ့များက ယာယီပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။